သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ဘာသာရေး ခေါင်းဆောင် နျူကလီယား ညှိနှိုင်းပွဲ ထောက်ခံ


အီရန်သမ္မတ Hassan Rouhani
အီရန်သမ္မတ Hassan Rouhani
အီရန် သမ္မတသစ် Hassan Rouhani အနေနဲ့ အီရန်နျူကလီယား အစီအစဉ်နဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေနဲ့ ညှိနှိုှုင်းဆွေးနွေးမှုလုပ်တဲ့ အပေါ်မှာ အီရန်နိုင်ငံရဲ့ နိုင်ငံအကြီးအကဲကနေ ထောက်ခံမှုပေးလိုက်ပါတယ်။

ဘာသာရေးခေါင်းဆောင်လည်းဖြစ်တဲ့ Ayatollah Ali Khamenei အနေနဲ့ တနင်္ဂနွေနေ့တုန်းက ကျောင်းသားတွေကိုပေးတဲ့ မိန့်ခွန်းတခုမှာ အခုလုပ်နေတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ထုတ်ပြောခဲ့တာ ဖြစ်တယ်လို့ အီရန်သတင်းတွေမှာ ရေးသား ဖော်ပြပါတယ်။

အီရန်သံတမန်တွေဟာ ဂျနီဗာမြို့မှာ အခု သီတင်းပတ်နောက်ဆုံးရက်တွေမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနဲ့ တရုတ်အပြင် ဂျာမဏီနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီ ဆွေးနွေးညှိနှိုင်းမှုတွေကို အပေးအယူ အလျှော့အတင်းလုပ်တဲ့သဘော မယူဆစေလိုတဲ့အကြောင်း Khamenei က ပြောပါတယ်။ ဒါ့အပြင် အခုလို ခက်ခဲတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေစဉ်အတွင်းမှာ ဘယ်သူမှ အားနည်းသွားအောင်မလုပ်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

သဘောတူညီချက်ရဖို့ အလားအလာနဲ့ပတ်သက်လို့တော့ သံသယရှိတုန်းပဲလို့ Khamenei က ပြောပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးမှု ပျက်သွားရင်လည်း အီရန်နိုင်ငံအပေါ် ထိခိုက်အန္တရာယ်ဖြစ်စေမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

အီရန်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကိုတော့ အီရန် နိုင်ငံအကြီးအကဲက ဝေဖန်ရှုတ်ချပါတယ်။ အမေရိကန်ဟာ ဆွေးနွေးညှိနှိုင်းမှု ဖိတ်ခေါ်ပေမယ့် တဖက်မှာ စစ်ရေးခြိမ်းခြောက်မှုတွေလည်း လုပ်နေတဲ့ ပြုံးယောင်ပြနေတဲ့ ရန်သူဖြစ်တယ်လို့ သူက တင်စားပြောခဲ့ပါတယ်။
XS
SM
MD
LG