သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သဘောတူညီမှုမျိုး မြောက်ကိုရီးယား စိတ်မဝင်စား


မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နျူကလီးယား စွမ်းဆောင်နိုင်ရည်ကို လက်လျှော့ရေး အဖြေရှာဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့အကြား ရရှိခဲ့တဲ့ သဘောတူညီမှုမျိုးရအောင် ညှိနှိုင်းဆောင်ရွက်ဖို့ မြောက်ကိုရီးယားအနေနဲ့ စိတ်မဝင်စားဘူးလို့ ပြောလိုက်ပါတယ်။

အီရန်နျူကလီးယား သဘောတူညီမှုနဲ့ မြောက်ကိုရီးယားရဲ့ အခြေအနေကို နှိုင်းယှဉ်တာဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘာကြောင့်လဲဆိုတော့ မြောက်ကိုရီးယားနိုင်ငံဟာ အမြဲတမ်းဆိုသလို အမေရိကန်ရဲ့ စစ်ရေးအရ ရန်လိုခြိမ်းခြောက်တာကို ခံနေရသလို အဲဒီအထဲမှာ ပူးတွဲစစ်ရေး လေ့ကျင့်တာတွေ စိုးရိမ်စရာကောင်းတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ကြား ပြီးခဲ့တဲ့ သီတင်းပတ်က အပြီးသတ်ရရှိလိုက်တဲ့ သဘောတူညီမှုဟာ အီရန်ရဲ့ နျူကလီးယားစွမ်းရည်ကို ကန့်သတ်လိုက်ပြီး အပြန်အလှန်အနေနဲ့ ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားတာတွေကို သက်သာဖြေလျှော့မှု ပေးမှာဖြစ်ပါတယ်။

အဲဒီလို သဘောတူညီမှု ရရှိခဲ့ပြီးတဲ့နောက် ဒီဖြစ်ရပ်အပေါ် မြောက်ကိုရီးယားအနေနဲ့ လေ့လာသင့်ကြောင်း အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG