သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရေပိုင်နက်အနီး အီရန် စစ်သင်္ဘောတွေ ချထား


ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန်ရေတပ်သင်္ဘောတွေ ချထားတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရေပြင်ပိုင်နယ် နယ်စပ်တွေဆီ ချဉ်းကပ်ကြဖို့ အီရန်စစ်သင်္ဘောအများအပြားကို အမိန့်ပေးထားတယ်လို့ အီရန်ရေတပ် တပ်မှူးတစ်ဦးက ပြောလိုက်ပါတယ်။

ဖျက်သင်္ဘောတစ်စင်းနဲ့ ရဟတ်ယာဉ်တင် ထောက်ပံ့ရေးသင်္ဘောတစ်စင်းဟာ တောင်အာဖရိကနိုင်ငံနားက ရေပြင်ကို ဖြတ်ပြီးတော့ အတ္တလန်တိတ်သမုဒ္ဒရာထဲ ဝင်ရောက်သွားပြီလို့ ရေတပ်ဗိုလ်ချုပ်ကြီး Afshin Rezayee Haddad ကို ကိုးကားပြီး အီရန် သတင်းမီဒီယာတွေက စနေနေ့မှာ ပြောကြပါတယ်။

စစ်သင်္ဘောတွေဟာ အမေရိကန်ရေပြင်ပိုင်နက် နယ်စပ်နားထိ သွားကြမှာဖြစ်ပြီး ဒီလုပ်ရပ်မှာ သတင်းစကားတစ်ခု ပါတယ်လို့ အီရန် မြောက်ပိုင်းရေတပ်ဖွဲ့ရဲ့ တပ်မှူး Haddad က ပြောပါတယ်။

အခုလိုလုပ်တာကို အမေရိကန်ရေတပ်သင်္ဘောတွေ အီရန်ရေပြင်ပိုင်နက်နားမှာ စေလွှတ်ထားတာကို တုံ့ပြန်တဲ့လုပ်ရပ်အဖြစ် အီရန်ကယူဆပါတယ်။
အမေရိကန်ရေတပ်ဟာ ပါရှန်းပင်လယ်ကွေ့မှာ ပုံမှန်အားဖြင့်ရှိနေတာပါ။

အမေရိကန် အမှတ် ၅ ရေတပ်ဖွဲ့ဟာ အီရန်ကနေ ပင်လယ်ကွေ့တစ်ဘက်ခြမ်း ဘာရိန်းနိုင်ငံမှာ အခြေစိုက်ထားပါတယ်။
XS
SM
MD
LG