သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယားအရေး ယာယီသဘောတူညီမှုရ

Iranian Foreign Minister Mohammad Javad Zarif reacts as he talks with reporters before meeting with U.S. Secretary of State John Kerry saying that his meeting with Kerry is important to see if progress could be made in narrowing differences on his country's disputed nuclear program, in Geneva, Jan. 14, 2015.

နိုင်ငံရဲ့အငြင်းပွားဖွယ် နျူကလီယားအစီအစဉ်ကို ယာယီရပ်တံ့ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ သဘောတူညီမှုတခုရအောင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံတို့ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ယာယီသဘောတူညီမှု ၆ လအတွက်ရရှိခဲ့လို့ အီရန်ရဲ့ နျူကလီယား အစီအစဉ်နဲ့ ပတ်သတ်ပြီး အနောက်နိုင်ငံတွေနဲ့ ဆယ်စုနှစ်တစ်ခုကြာ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းနိုင်မယ့် ပိုပြီးပြည့်စုံတဲ့နည်းလမ်းရရှိဖို့ အချိန်ရှိသွားစေပါတယ်။

သံတမန်ရေးညှိနှိုင်းမှုကြောင့် ပိုပြီးလုံခြုံမှုရှိမယ့်ကမ္ဘာကြီးဆီ လမ်းသစ်တခု ဖောက်ပေးလိုက်တာလို့ အမေရိကန် သမ္မတ Barack Obama က စနေညနေက ပြောသွားပါတယ်။ သမ္မတအိုဘားမားကပဲ အဲဒီ ၆ လတာ ကာလအတွင်း အီရန်က သူကတိပေးထားတဲ့အတိုင်း အပြည့်အဝမလုပ်ဆောင်ဘူးဆိုရင် အမေရိကန်က ထောက်ပံ့မှုတွေရပ်ပစ်ပြီး ဖိအားထပ်တိုးပေးမယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ အီရန်နဲ့ ပိုပြီးပြည့်စုံတဲ့ သဘောတူညီမှုတစ်ခု ရရှိဖို့က အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဂျနီဗာမြို့မှာ ပြောသွားပါတယ်ရှင်။
XS
SM
MD
LG