သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီယားပြဿနာ ပြေလည်ဖို့ ကြိုးပမ်းဆဲ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ကို ဗီယင်နာမှာကျင်းပတဲ့ အီရန်နျူကလီယားဆွေးနွေးပွဲမှာ တွေ့စဉ်။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ကို ဗီယင်နာမှာကျင်းပတဲ့ အီရန်နျူကလီယားဆွေးနွေးပွဲမှာ တွေ့စဉ်။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ် ထိန်းချုပ်နိုင်ရေး သဘောတူညီချက်ရဖို့ အမေရိကန်နဲ့ တခြားကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကြိုးစား ညှှိနှိုင်းနေကြရာမှာ နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ တနင်္လာနေ့ကိုကျော်လွန်ပြီး ရက်တိုးပေးဖို့ စဉ်းစားနေကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဘတ် ဇာရစ်ဖ်နဲ့ ဗီယက်နာမှာ တနင်္ဂနွေနေ့က တွေ့ဆုံစဉ်မှာ နောက်ဆုံးသတ်မှတ်ရက် ထပ်တိုးဖို့ အကြံပြုခဲ့တယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတွေက ပြောပါတယ်။

အီရန်နိုင်ငံအနေနဲ့ နျူကလီယားလက်နက် ပြုလုပ်နိုင်တဲ့ အဆင့်မရောက်ရှိအောင် သတ်မှတ်ချက် သဘောတူညီမှုရရှိဖို့အတွက် အမေရိကန်နဲ့ P5+1 လို့ခေါ်တဲ့ မိတ်ဖက် အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီနဲ့ ရုရှားနိုင်ငံတွေက ဆက်လက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို အီရန်ဘက်က လက်မှတ်ရေးထိုးမယ်ဆိုရင် အီရန်အပေါ် စီးပွားရေးလုပ်ကိုင်ရာမှာ အခက်အခဲတွေဖြစ်အောင် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

နောက်ဆုံးသတ်မှတ်ထားတဲ့ တနင်္လာနေ့ညသန်းခေါင်ယံရောက်ချိန်အထိ သဘောတူညီမှုရရှိဖို့ ဖြစ်နိုင်ခြေ တော်တော်နည်းတယ်လို့ လပေါင်းအတန်ကြာ ညှိနှိုင်း ဆွေးနွေးနေရာမှာပါဝင်တဲ့ အရာရှိတွေကပြောကြပါတယ်။

XS
SM
MD
LG