သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားအရေးစာချုပ် အီရန်ခေါင်းဆောင်တွေ ကြိုဆို


နိုင်ငံခြားရေးဝန်ကြီးများဖြစ်သော Wang Yi (တရုတ်)၊ John Kerry (အမေရိကန်)၊ Laurent Fabius (ပြင်သစ်)၊Sergei Lavrov (ရုရှား) Catherine Ashton (အီးယူူနိုင်ငံခြားရေးရာ) နဲ့ Mohammad Javad Zarif (အီရန်) (ဝဲမှယာ)
နိုင်ငံခြားရေးဝန်ကြီးများဖြစ်သော Wang Yi (တရုတ်)၊ John Kerry (အမေရိကန်)၊ Laurent Fabius (ပြင်သစ်)၊Sergei Lavrov (ရုရှား) Catherine Ashton (အီးယူူနိုင်ငံခြားရေးရာ) နဲ့ Mohammad Javad Zarif (အီရန်) (ဝဲမှယာ)
ရန် နျူကလီးယားအရေးနဲ့ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အထင်ကရ သဘောတူစာချုပ ်လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အပေါ်မှာ အီရန်ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။ ဒါဟာ အီရန်ရဲ့ နျူကလီယား အနုမြူစွမ်းအင်ပိုင်ဆိုင်ခွင့်ကို အသိအမှတ် ပြုမှု၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ အဆုံးသတ်နိုင်မယ့် အစပျိုးလုပ်ဆောင်ချက်ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

တနင်္ဂနွေနေ့ ရုပ်မြင်သံကြားမိန့်ခွန်းအတွင်း အီရန်သမ္မတ Hassan Rouhani က ဂျနီဗာမြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက ညှိနှိုင်းနိုင်ခဲ့တဲ့ ဒီ ကြားကာလ သဘောတူညီချက်ဟာ အီရန်ရဲ့ ယူရေနီယံသန့်စင်ခွင့်ကို လက်ခံလိုက်တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။ သူ့ရဲ့ ယူရေနီယံ သန့်စင်မှုတွေဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်လို့လည်း အီရန်က ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့ အနောက်အင်အားကြီး နိုင်ငံတွေကတော့ အီရန်အနေနဲ့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့အဆင့်အထိ ယူရေနီယံ သန့်စင်မှုတွေ လုပ်သွားနိုင်တယ်ဆိုပြီး စိုးရိမ်နေကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ အမေရိကန် အပါအဝင် အင်အားကြီးနိုင်ငံ ၆ ခုနဲ့ အီရန်နိုင်ငံတို့ကြား နောက်ဆုံး သဘောတူညီချက်နဲ့ ပတ်သက်လို့ အီရန်ဘက်က အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်မခံပါဘူး။ အခု သဘောတူညီချက်ထဲမှာ အီရန်အနေနဲ့ ယူရေနီယံသန့်စင်ခွင့်ရှိတယ် ဆိုတာမျိုး ပြောမထားဘူးလို့ မစ္စတာကယ်ရီက သတင်းထောက်တွေကို ပြောခဲ့တာပါ။

အခုရယူခဲ့တဲ့ ခြောက်လတာ သဘောတူညီချက်အရ အီရန်အနေနဲ့ နျူကလီယား လက်နက် ထုတ်လုပ်နိုင်တဲ့အဆင့်ကနေ အတော်ကြီး အလှမ်းဝေးသွားစေဖို့ သန့်စင်ပြီး ယူရေနီယံတွေကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပစ်လိုက်ရမှာဖြစ်ပြီး နောက်ပိုင်း သန့်စင်မှုတွေကိုလည်း ၅ ရာခိုင်နှုန်းအောက်အထိပဲ လုပ်ဆောင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ အီရန်နိုင်ငံတို့ကြား အခုလို နျူကလီယား သဘောတူညီ ချက်နဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံတို့က အပြင်းအထန် တုံ့ပြန်ဝေဖန်လိုက်ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်း ဂျနီဗာ-သဘောတူညီချက်အရ အီရန်နိုင်ငံဟာ သူ့ရဲ့ယူရေနီယံ သန့်စင်မှုကို လျှော့ချရမှာ ဖြစ်သလို အနုမြူ ဓာတ်ပေါင်းဖို တည်ဆောက်မှုကိုလည်း ရပ်ထားရမှာဖြစ်ပါတယ်။

အီရန်ရဲ့ ယူရေနီယံသန့်စင်မှုကတဆင့် နျူကလီယားလက်နက် ထုတ်လုပ်လာမှာကို အစ္စရေးနဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံတွေက အစောပိုင်း မှာကတည်းက ခြိမ်းခြောက်မှုတခုအနေနဲ့ စိုးရိမ်လာခဲ့ကြတာပါ။

အီရန်ဘက်ကတော့ သူတို့ရဲ့နျူကလီယားအစီအစဉ်ဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့ အတွက်ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အီရန်ရဲ့ လိုက်လျှောချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီး (၅) နိုင်ငံက အီရန်အပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ အစိတ်အပိုင်းအချို့ကို ရုပ်သိမ်းလိုက်ပါတယ်။

ဒီ ဂျနီဗာ သဘောတူညီချက်ဟာ သမိုင်းတွင်တဲ့အမှားဖြစ်ပြီး ကမ္ဘာကြီးကို ပိုပြီး အန္တရာယ်များလာအောင် လုပ်လိုက်သလိုဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် (ဘန်ဂျမင် နယ်တန်ညာဟူး)က သူ့အစိုးရအဖွဲ့ကို ပြောပါတယ်။

အစ္စရေးတို့ဘက်ကတော့ အီရန်အပေါ် ပိုပြီးအရေးယူ ပိတ်ဆို့စေလိုပြီး အီရန်-နျူကလီးယားအစီအစဉ်ကို လုံးဝဖျက်သိမ်းစေချင်တာ ဖြစ်ပါတယ်။

အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား အပြီးသတ် သဘောတူညီချက်မရခင် စနေနေ့တုန်းက ဆော်ဒီအာရေဗီးယား၊ ကာတာ၊ ကူဝိတ် နိုင်ငံတို့ရဲ့ အစိုးရတာဝန်ရှိသူတွေ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
XS
SM
MD
LG