သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် Nuclear ဆွေးနွေးပွဲ Cyber တိုက်ခိုက်ခံ ရသလား


Vienna မြို့မှာ ကျင်းပခဲ့တဲ့ အင်အားကြီးခြောက်နိုင်ငံနဲ့ အီရန်အကြား ဆွေးနွေးပွဲ။
Vienna မြို့မှာ ကျင်းပခဲ့တဲ့ အင်အားကြီးခြောက်နိုင်ငံနဲ့ အီရန်အကြား ဆွေးနွေးပွဲ။

ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့အကြား ပြုလုပ်နေတဲ့ အီရန်နျူကလီးယား အရေး ညှိနှိုင်း ဆွေးနွေးပွဲတွေကို အဆင့်မြင့် Cyber တိုက်ခိုက်မှု ပြုလုပ်ဖို့ ကြံစည်ခဲ့ခြင်း ရှိမရှိဆိုတာကို စုံစမ်း စစ်ဆေးနေကြောင်း ဆွစ်ဇာလန်နဲ့ သြစတြီးယားနိုင်ငံတို့က အရာရှိတွေက ပြောပါတယ်။

ဂျနီဗာမြို့မှာရှိတဲ့ အိမ်တအိမ်ကို မေလ ၁၂ ရက်နေ့က ဝင်ရောက်ရှာဖွေပြီး ကွန်ပြူတာ Harware နဲ့ Software တွေကို သိမ်းဆည်းခဲ့တယ်လို့ Berne မြို့မှာရှိတဲ့ ဆွစ်ဇာလန် ရှေ့နေချုပ်ရုံးက ပြောပါတယ်။ ဆွစ်ဇာလန်၊ သြစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေကဟိုတယ်တွေမှာ ပြုလုပ်ခဲတဲ့ ဆွေးနွေးမှုတွေကို စောင့်ကြည့် တဲ့နေရာမှာ အသုံးပြုနိုင်တဲ့ ကွန်ပြူတာနဲ့ တခြား အီလက်ထရောနစ် ပစ္စည်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ Malware လို့ခေါ်တဲ့ Software ကို အာဏာပိုင်တွေဖက်က လိုက်လံ ရှာဖွေနေတာ ဖြစ်ပါတယ်။

Vienna မြို့မှာ ကျင်းပခဲ့တဲ့ စည်းဝေးပွဲတွေကို စောင့်ကြည့် နားထောင်ခဲ့ခြင်း ရှိမရှိဆိုတာကို သူတို့အနေနဲ့ စုံစမ်း စစ်ဆေးနေကြောင်းလည်း သြစတြီးယားက ပြောပေမယ့် အသေးစိတ်တော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအရ သူလျှိုလုပ်မှုနဲ့ အမည်ဖော်ပြထားခြင်းမရှိတဲ့ သူတချို့အပေါ် မှုခင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို စတင် ဆောင်ရွက်နေကြောင်း ဆွစ်ဇာလန် အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG