သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် Nuclear စက်ရုံ အဆင့်မြှင့်ဖို့ လုပ်


အီရန် Nuclear စခန်းကို မြင်ရစဉ်။
အီရန် Nuclear စခန်းကို မြင်ရစဉ်။
အီရန်နိုင်ငံရဲ Nuclear သန့်စင်တဲ့စက်ရုံက လက်ရှိယူရေနီယံ သန့်စင်တဲ့စက်တွေကို ပိုမိုအင်အားကောင်းပြီး မြန်ဆန်တဲ့စက်တွေနဲ့ လဲလှယ်တပ်ဆင်ဖို့စီစဉ်နေပါတယ်။ အီရန်နိုင်ငံ အလယ်ပိုင်းက Nantanz Nuclear သန့်စင်စက်ရုံမှာ ပိုပြီးခေတ်မှီတဲ့ သန့်စင်စက်တွေ တပ်ဆင်လိုတဲ့ အကြောင်း နိုင်ငံတကာ Nuclear စွမ်းအင်အေဂျင်စီ IAEA ကို တာဝန်ရှိသူတွေက အကြောင်းကြားထားပြီလို့ အမည်မဖေါ်လိုတဲ့ သံတမန်တဦးက ပြောပါတယ်။

Nantanz Nuclear သန့်စင်စက်ရုံ မြေအောက်ခန်းထဲမှာ Nuclear လောင်စာအတွက် လိုအပ်တဲ့ ယူရေနီယံကို သန့်စင်တဲ့စက်တွေ အရေအတွက် ထောင်နဲ့ချီတပ်ဆင်ထားပါတယ်။ ယူရေနီယံကို သာမန်သန့်စင်ရင် Nuclear စွမ်းအင် ထုတ်စက်ရုံ လောင်စာအဖြစ်သုံးနိုင်ပြီး အဆင့်မြင့်သန့်စင်ထားတဲ့ ယူရေနီယံကိုတော့ Nuclear လက်နက် ထုတ်လုပ်တဲ့နေရာမှာသုံးနိုင်ပါတယ်။

အီရန်နိုင်ငံရဲ့ Nuclear အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့လုပ်ငန်းစဉ်တွေမှာ သုံးဖို့အီရန်က ပြောပေမဲ့နိုင်ငံတကာ ကတော့ Nuclear အစီအစဉ်အပေါ် သံသယရှိပါတယ်။ အီရန်နိုင်ငံဟာ အမေရိကန် ရုရှ၊တရုတ်၊ ဗြိတိန်၊ပြင်သစ်နဲ့ဂျာမဏီတို့ပါဝင်တဲ့ P5+1 အဖွဲ့နဲ့ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ နောက်ဆုံးဆွေးနွေးခဲ့ကြပါတယ်။ တောင်းဆိုချက်တွေကို တဘက်နဲ့တဘက် မလျှော့နိုင်ခဲ့လို့ဆွေးနွေးပွဲပျက်ခဲ့ပါတယ်။
XS
SM
MD
LG