သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံ အီရန်သမ္မတ လူထုကိုမိန့်ခွန်းပြော


အီရန်သမ္မတသစ်အဖြစ် အရွေးခံထားရတဲ့ မစ္စတာ ဟက်ဆန်ရိုဟာနီ။
အီရန်သမ္မတသစ်အဖြစ် အရွေးခံထားရတဲ့ မစ္စတာ ဟက်ဆန်ရိုဟာနီ။
ငြိမ်းချမ်းတည်ြငိမ်တဲ့ အီရန်နိုင်ငံတည်ဆောက်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ဥပဒေကို ဆက်ပြီး လေးစားသွားကြပါလို့ သမ္မတသစ်အဖြစ် အရွေးခံထားရတဲ့ မစ္စတာ ဟက်ဆန်ရိုဟာနီ (Hassan Rowhani) ကပြောလိုက်ပါတယ်။ အီရန်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားဆီဦးတည်တဲ့ လမ်းကို လျှောက်တဲ့နေရာမှာ ပြည်သူတွေရဲ့ ထောက်ခံမှုကို အလွန်အမင်း လိုအပ်တယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့ ရုပ်မြင်သံကြားပေါ်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ မစ္စတာ ရိုဟာနီက ပြောခဲ့ပါတယ်။ သောကြာနေ့ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းလည်း ဖြစ်ပါတယ်။

သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီတွေကို လက်မခံချင်ကြတဲ့အတွက် သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ရိုဟာနီ အနိုင်ရရှိခဲ့တာဖြစ်တယ် လို့ လေ့လာသူအများက သုံးသပ်ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးကို လိုလားသူလည်းဖြစ်၊ အီရန်နျူကလီးယား အရေးညှိနှိုင်းသူ အကြီးအကဲလည်း ဖြစ်တဲ့ မစ္စတာရိုဟာနီ ဟာ မဲပေါင်း ၃၇ သန်းနီးပါးမှာ ၁၉ သန်းနီးပါး ရရှိခဲ့တာဖြစ်ပါတယ်။

စုစုပေါင်းမဲ ၅၀ ရာခိုင်နှုန်းကျော်ရရှိခဲ့တာမို့ ဒုတိယအကြော့ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒုတိယမဲအများဆုံးရသူကတော့ တဟီရန်မြို့တော်ဝန် Bagher Qalibaf ဖြစ်ပြီး၊ သူက မဲ ၁၆ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။

အီရန် သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြပါတယ်။ မစ္စတာ ရိုဟာနီအနိုင်ရရှိမှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ချီးကျုးခဲ့ပြီး သမ္မတသစ် ရွေးချယ်ခံရသူရော အီရန်အာဏာပိုင်တွေအနေနဲ့ပါ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေမှာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG