သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ရွေးကောက်ပွဲ


အီရတ်အမျိုးသမီးတဦး မဲပေးနေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
အီရတ်အမျိုးသမီးတဦး မဲပေးနေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
အီရတ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က အမေရိကန်တပ်တွေ ထွက်သွားချိန်ကစပြီး ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အီရတ်ပြည်သူတွေ မဲပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရတ်နိုင်ငံအတွင်းမှာ ပြန်ဖြစ်လာနေတဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်မှုတွေကို ထိန်းချုပ်နိုင်အောင် လုံခြုံရေးတွေကိုလည်း တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။

စနေနေ့က ရွေးကောက်ပွဲအတွင်း အကြီးအကျယ်တိုက်ခိုက်မှုတွေ မရှိခဲ့ဘူးလို့ သတင်းတွေက ဆိုပြီး၊ အီရတ်ပြည်သူတွေရဲ့ ဒီမိုကရေစီသန္နိဌာန်ခိုင်မာမှု၊ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ထိတ်လန့်မှုတွေကင်းဝေးတဲ့ အနာဂတ်အတွက် အမေရိကန်သံရုံးကလည်း ကြေညာချက်ထုတ်ပြန်ပြီး ချီးကျူးလိုက်ပါတယ်။

ဒါ့အပြင် စနေနေ့ကကျင်းပတဲ့ ဒေသတွင်း ရွေးကောက်ပွဲတွေဟာ ရှေ့ကိုသိသိသာသာ ခြေတလှမ်းတိုးပြီး၊ အကြမ်းဖက် အစွန်းရောက်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒီရွေးကောက်ပွဲမကျင်းပခင် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရတ်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် ၅၀ ကျော် သေဆုံးပြီး ၂၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

ပြည်နယ် ၄ ခုမှာ နိုင်ငံရေးအရ သဘောမတူညီမှုတွေ ဖြစ်ခဲ့တာရယ်၊ ဆွန်နီမူစလင်အများစု နေထိုင်တဲ့ အန်ဘာ နဲ့ နိုင်းဝါ ပြည်နယ်တွေမှာ ရွေးကောက်ပွဲတွေကို အာဏာပိုင်တွေက ပြီးခဲ့တဲ့လမှာ ရွေ့ဆိုင်းခဲ့ပြီးတဲ့နောက် အီရတ်နိုင်ငံရဲ့ ပြည်နယ် ၁၈ ခုထဲက ၁၂ ခုမှာ မဲပေးခဲ့ကြပါတယ်။ အစိုးရဆန့်ကျင်မှုတွေဖြစ်ခဲ့တဲ့ အဲဒီပြည်နယ်တွေမှာ မဲပေးတာတွေကို ရွေ့ဆိုင်းခဲ့တာကြောင့် ရှီယာဝန်ကြီးချုပ် နိုရီအယ်လ်မာလီခီအစိုးရရဲ့ ရည်ရွယ်ချုက်နဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေထုတ်လာခဲ့ကြပါတယ်။
XS
SM
MD
LG