သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်သံလွှင့်လုပ်ငန်း ၁၀ ခု အီရတ်လိုင်စင်ရုပ်


ဘက်ဂဒက်ဒေသခံတဦး ရုပ်သံသတင်းကြည့်နေပုံ။
ဘက်ဂဒက်ဒေသခံတဦး ရုပ်သံသတင်းကြည့်နေပုံ။
အီရတ်နိုင်ငံထဲမှာ ဂိုဏ်းဂဏကွဲ အကြမ်းဖက်မှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးနေတယ်လို့ စွပ်စွဲပြီး al-Jazeera အပါအဝင် Satellite ရုပ်သံလွှင့်လုပ်ငန်း ၁၀ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို အီရတ်အစိုးရက ယာယီရပ်စဲလိုက်ပါတယ်။ ချက်ချင်း အသက်ဝင်တယ်လို့ ဖော်ပြတဲ့ လုပ်ငန်းလိုင်စင်တွေ ရပ်ဆိုင်းမှုကို တနင်္ဂနွေနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ဆူနီမူစလင်ဆန္ဒပြစခန်းတခုမှာ စတင်ခဲ့တဲ့ ပဋိပက္ခတွေကို အီရတ်အစိုးရက နှိမ်နှင်းနိုင်ဖို့ ကြိုးစားနေချိန်မှာ ခုလို ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ၁၇၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ အီရတ်အစိုးရရဲ့ ကြေညာချက် ထွက်ခဲ့ပြီးနောက် Qatar မှာအခြေစိုက်တဲ့ al Jazeera ရုပ်သံလွှင့်လုပ်ငန်းက သူတို့သတင်းတွေဟာ အီရတ်မှာဖြစ်နေတဲ့အကြောင်းတွေကို ဘက်ပေါင်းစုံက တင်ပြပေးနေတယ်လို့ပြောပြီး လိုင်စင်ရုပ်သိမ်းမှုအပေါ် အလွန်အံ့အားသင့်ရတယ်လို့ ကြေညာချက်ထုတ်ပြန် တုံ့ပြန်ခဲ့ပါတယ်။

လိုင်စင်ရုတ်သိမ်းလိုက်တဲ့ အမိန့်ထဲမှာ ရုပ်သံလွှင့် လုပ်ငန်း ၁၀ ခုရဲ့ ဂြိုလ်တုကတဆင့် ထုတ်လွှင့်ချက်တွေကို တားမြစ်ချက်တော့ မပါပါဘူး။ ဒါပေမဲ့ ရုပ်သံလုပ်ငန်းတွေရဲ့ သတင်းထောက်တွေ အီရတ်ထဲမှာ ဆက်ပြီးထားမယ်ဆိုရင် လုံခြုံရေးအဖွဲ့တွေရဲ့ ဥပဒေကြောင်းအရ အရေးယူမှုခံရမယ်လို့ သတိပေးထားပါတယ်။ ရှီရာအစိုးရက တာဝန်ပေးထားတဲ့ လုံခြုံရေးတပ်တွေအပေါ် ရာဇဝတ်မှုမြောက်တဲ့ လက်စားခြေမှုတွေလုပ်အောင် ရုပ်သံလုပ်ငန်းတွေက အားပေး အားမြှောက်လုပ်နေတယ်လို့ အီရတ် ဆက်သွယ်ရေးနဲ့ မီဒီယာကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလိုင်စင်သိမ်းခံရတဲ့ထဲမှာ အများစုက ဆူနီမူစလင် လိုလားတဲ့ဘက်ကဖြစ်ကြပြီး ရှီရာဝန်ကြီးချုပ် Nouri al Maliki အစိုးရအပေါ် မကြာခဏ ဝေဖန်ပြစ်တင်တဲ့ ပြည်တွင်း ရုပ်သံလွှင့်လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
XS
SM
MD
LG