သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS တို့ အပေါ် ကန်ဦးဆောင် လေကြောင်း စစ်ဆင်ရေး Iraq ဝေဖန်


အီရတ်က IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ လေကြောင်းစစ်ဆင်ရေး။
အီရတ်က IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ လေကြောင်းစစ်ဆင်ရေး။

IS အဖွဲ့တွေအပေါ် အမေရိကန်ဦးဆောင်ပီး လေကြောင်းကတိုက်ခိုက်မှုတွေဟာ ထိရောက်မှု ရှိရဲ့လားလို့ အီရတ်ဒုတိယသမ္မတက မေးခွန်းထုတ်နေချိန်မှာ အာရပ် ကျွန်းဆွယ်ရှိ Shi’ite ဗလီတွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုဟာ သူတို့ လက်ချက်ဖြစ်ကြောင်းးIS စစ်သွေးကြွအဖွဲ့က ပြောပါတယ်။

ဆော်ဒီအာရေဗီယန် နိုင်ငံအရှေ့ပိုင်းမှာ ကာတစ်ဖ် နယ်မှာ လူပေါင်း ၂၁ ဦးသေဆုံး၊ ၈၀ ကျော် ဒဏ်ရာရရှိစေခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ သူတို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အသစ် ဖွဲ့စည်းလိုက်သောအဖွဲ့လို့ ခေါ်ထားတဲ့အုပ်စုက ပြောကြားလိုက်တာပါ။ ယီမင်နိုင်ငံ ဆာနားမြို့တော် ဗလီတခုအနီး ပေါက်ကွဲခဲ့တဲ့ ဒုတိယ ဗုံးခွဲမှုကြောင့် လည်း လူ ၁၃ ဦး ထိခိုက်ဒဏ်ရာရပြီး ဒီအရေအတွက်ဟာဆိုရင် IS တို့ ပုံမှန်တိုက်ခိုက်နေကျ ဆီးရီးယား နဲ့ အီရတ်နိုင်ငံတွေရဲ့ပြင်ပမှာ ထိခိုက်မှု အရေအတွက် ပိုမိုများပြားလာခြင်းဖြစ်ပါတယ်။

လက်ရှိ လေကြောင်းစစ်ဆင်ရေးဟာ စစ်သွေးကြွတို့ အင်အားကြီးထွားလာတာကို မထိန်းချုပ်နိုင်ဖြစ်နေတ ယ်လို့ ယူဆတဲ့အတွက် မဟာဗျူဟာသစ်တရပ်ချမှတ်ဖို့ အီရတ်ခေါင်းဆောင်တွေကို သူက တိုက်တွန်းခဲ့တယ်လို့ အီရတ် ဒုတိယသမ္မတ Ayad Allawi က ဂျော်ဒန်မှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဆွေးနွေးပွဲမှာ ပြောကြား လိုက်ပါတယ်။ သူ့ရဲ့ဝေဖန်ချက်ဟာ အီရတ်နိုင်ငံ ရမာဒီမြို့ကို စစ်သွေးကြွတွေ ထိန်းချုပ်ပြီး ရက်သတ္တပတ်အကြာမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ ကြာသပတေးနဲ့ သောကြာနေ့အကြား ဆီးရီးယားနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် ပြုလုပ်ခဲ့ပါတယ်။ နောက်ထပ် ဗုံးကြဲချမှု ၁၅ ကြိမ်ကိုလည်း IS တို့ရဲ့ အမာခ ံဒေသဖြစ်တဲ့ အီရတ်နိုင်ငံ၊ Mosul မြို့နဲ့ Ramadi မြို့တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG