သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS လက်ချက် အီရတ်ရောက် ကန်မရိမ်း ၁ ဦး သေဆုံး


အီရတ်နိုင်ငံ Makhmour မှာ စနေနေ့က IS အစွန်းရောက် စစ်သွေးကြွတွေရဲ့ ရော့ကက်လောင်ချာနဲ့ ပစ်ခတ်မှုအတွင်း အမေရိကန် မရိမ်းတပ်ဖွဲ့ဝင်တဦး ကျဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန် မရိမ်းတပ်ဖွဲ့ဝင် တော်တော်များများလည်း ဒဏ်ရာတွေ ရရှိခဲ့ကြောင်း - အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် က ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုအတွင်းမှာ အီရတ်စစ်သား ၃ ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Makhmour မှာ အခြေစိုက်တဲ့ ကာဒ် ပရှ်မက်ဂါ တပ်ဖွဲ့ဝင်တဦးကလည်း ဗွီအိုအေကို ပြောပါတယ်။
၂၀၁၄ ခုနှစ်က IS အဖွဲ့ လက်ထဲကနေ ကာဒ် ပရှ်မက်ဂါ တပ်ဖွဲ့တွေ ပြန်လည် သိမ်းယူထားခဲ့တဲ့ Makhmour ဒေသဟာဆိုရင် အချိန်အတော်ကြာကတည်းက ကတိပြုထားတဲ့ မိုဆူးမြို့သိမ်း တိုက်ပွဲဆင်နွှဲဖို့ အီရတ်နဲ့ ပရှ်မီဂါတပ်ဖွဲ့တွေ ဆုံဆည်းတဲ့ နေရာတခု ဖြစ်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေကတော့ Makhmour ဒေသကို မကြာသေးခင်ကမှ ပြောင်းရွှေ့အခြေစိုက်တဲ့ အီရတ်တပ်ဖွဲ့တွေနဲ့အတူ လက်တွဲ လုပ်ဆောင်နေတာဖြစ်ပြီး၊ မကြာခဏ ရော့ကက်လောင်ချာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ဒေသတခုလည်း ဖြစ်လာခဲ့ပါတယ်။

XS
SM
MD
LG