သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူခ ျင်းလက်ထပ်မှု Ireland လူထု တခဲနက်ထောက်ခံ


အိုင်ယာလန်မှာ လိင်တူချင်းလက်ထပ်မှုကို ထောက်ခံသူများ လူထုဆန္ဒခံယူပွဲမှာ Yes - ဆိုင်းဘုတ်ကို ကိုင်စွဲပြီး ဆန္ဒဖော်ထုတ်နေစဉ်။ (မေ ၂၃၊ ၂၀၁၅)
အိုင်ယာလန်မှာ လိင်တူချင်းလက်ထပ်မှုကို ထောက်ခံသူများ လူထုဆန္ဒခံယူပွဲမှာ Yes - ဆိုင်းဘုတ်ကို ကိုင်စွဲပြီး ဆန္ဒဖော်ထုတ်နေစဉ်။ (မေ ၂၃၊ ၂၀၁၅)

လိင်တူချင်းစုံမက်သူတွေကို တရားဝင်လက်ထပ်ထိမ်းမြားခွင့်ပေးဖို့နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံးလူထုဆန္ဒခံယူပွဲကို အိုင်ယာလန် နိုင်ငံမှာ ပြုလုပ်ခဲ့တာမှာ ထောက်ခံတဲ့ဘက်က အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။

လိင်တူချင်း လက်ထပ်ထိမ်းမြားတာကို ခွင့်ပြုရေး အခြေခံဥပဒေပြင်ဆင်ဖို့ကိစ္စကို ၆၂ % ကျော်က ထောက်ခံခဲ့တယ်လို့ စနေနေ့က ထုတ်ပြန်တဲ့ တရားဝင်ရလဒ်တွေဖော်ပြထားပါတယ်။ တရားဝင်မဲပေးနိုင်သူတွေထဲက ၆၀ % ကျော်မဲပေးခဲ့ကြပြီး ဒါဟာ အိုင်ယာလန်နိုင်ငံမှာ ဆယ်စုနှစ် ၂ ခုအတွင်း အများဆုံး မဲပေးကြတာဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ကက်သလစ်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ အိုင်ယာလန်နိုင်ငံမှာ လိင်တူချင်းဆက်ဆံတာနဲ့ ပတ်သက်ပြီး ပြစ်မှုအဖြစ် သတ်မှတ်ခြင်းကို ပြန်လည်ရုပ်သိမ်းပြီးတဲ့ ဆယ်စုနှစ် ၂ ခုအကြာမှာ အခုလို လူမှုအပြောင်းအလဲတွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

တခဲနက်ထောက်ခံမဲရရှိတာဟာ တစိတ်တဒေသအားဖြင့် အိုင်းရစ်ရှ်လူငယ်မဲဆန္ဒရှင်ထောင်ပေါင်းများစွာက ဒီဆန္ဒခံယူပွဲမှာ မဲပေးဖို့အတွက် ပြန်လာခဲ့ကြတာကြောင့်ဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံတန်းတူညီမျှရေးဝန်ကြီး Aodhan O’Riordain ကတော့ အိုင်းရစ်ချ်လူမျိုးတစ်ယောက် ဖြစ်ရတာ ဒီကနေ့မှာ အင်မတန်ဂုဏ်ယူပါတယ်လို့ ပြောကြားလိုက်ပါတယ်။

ဥရောပတလွှား လိင်တူချင်းလက်ထပ်မှုကို တရားဝင်သတ်မှတ်ထားတဲ့နိုင်ငံ တဒါဇင်ကျော်ရှိပြီး အာဂျင်တီးနား၊ ဘရာဇီး၊ ကနေဒါ၊ နယူးဇီလန်၊ တောင်အာဖရိက၊ ဥရုဂွေးနဲ့ အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများတို့မှာလည်းပဲ ဒါကို တရားဝင်အဖြစ် သတ်မှတ်ထားပါတယ်ခင်ဗျာ။

XS
SM
MD
LG