သုံးရလွယ်ကူစေသည့် Link များ

ရုရှားအတွက် သူလျှို ယူဆရသူကို IS ကွပ်မျက်တဲ့ ဗွီဒီယိုထွက်


ရုရှားအတွက် သူလျှိုလုပ်ခဲ့တယ်လို့ ရုရှားဘာသာစကားနဲ့ ပြောဆိုသူတဦးကို ရုရှားစကားပြောသူ နောက်တဦးက ခေါင်းဖြတ်ကွပ်မျက်လိုက်တဲ့ ဗွီဒီယိုတခုကို IS အကြမ်းဖက်အုပ်စုက ဗုဒ္ဓဟူးနေ့က ပြသလိုက်ပါတယ်။

ရုရှားဖြစ်ရတာ စိတ်ပျက်စရာ၊ ရှက်စရာလို့ ခေါင်းစဉ်ပေးထားတဲ့ အဲဒီဗွီဒီယိုမှာ ကွပ်မျက်ခံရသူက သူဟာ Chechnya နယ် မြို့တော် Grozny က Magomed Khasiyev ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

သူ့ကို ရုရှားလုံခြုံရေးတပ်က IS တို့အပေါ် ထောက်လှမ်းရေးလုပ်ဖို့ တာဝန်ပေးခဲ့ပြီး၊ IS နယ်မြေထဲကို တူရကီကတဆင့် ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ခေါင်းဖြတ်မကွပ်မျက်ခင် လူသတ်သမားက ရုရှားသမ္မတ Vladimir Putin ကို ရှုတ်ချသွားပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ရဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေဟာ အပြစ်မဲ့တဲ့ မူဆလင်တွေကို သေဆုံးစေယုံကလွဲပြီး ဘာမှ အရေးပါ အရာမရောက်ဘူးလို့လည်း ဆိုပါတယ်။ ဒီအတွက် လက်စားချေ သတ်ဖြတ်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။

XS
SM
MD
LG