သုံးရလွယ်ကူစေသည့် Link များ

Ramadi မြို့ IS တွေသိမ်းပိုက်


ရာမာဒီမြို့ကနေ ထွက်ပြေးသွားကြတဲ့ မြို့သူမြို့သားများ။ (မေ ၁၆၊ ၂၀၁၅)
ရာမာဒီမြို့ကနေ ထွက်ပြေးသွားကြတဲ့ မြို့သူမြို့သားများ။ (မေ ၁၆၊ ၂၀၁၅)

အီရတ်နိုင်ငံ Anbar ပြည်နယ်ရဲ့ မြို့တော် Ramadi မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ စစ်သွေးကြွတွေအတွက် အခုနှစ်အတွင်း အကြီးမားဆုံး အောင်နိုင်မှုဖြစ်ပါတယ်။

Ramadi မြို့ကို IS စစ်သွေးကြွတွေ သိမ်းပိုက်လိုက်တယ်ဆိုတာကို အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က အတည်ပြုဖို့ ငြင်းဆိုလိုက်ပြီး အခြေအနေတွေဟာ ပြောင်းလဲနေသေးဆဲဖြစ်ပြီး အပြန်အလှန် တိုက်ခိုက်နေကြတုန်း ရှိသေးကြောင်း ပြောပါတယ်။ ဒါပေမယ့် Anbar ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရအပါအဝင် တခြားသူတွေကတော့ အဲဒီမြို့ကနေ အစိုးရတပ်တွေ ထွက်ခွာသွားကြပြီလို့ ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းတုန်းကတော့ အီရတ်တပ်တွေကို သူတို့ရဲ့ တပ်စခန်းတွေကနေ စွန့်ခွာမပြေးဖို့နဲ့ ပြည်သူ့စစ်တွေကို မြို့ကိုပြန်သိမ်းနိုင်အောင် ကူညီတိုက်ပေးဖို့ အီရတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ကြားကပဲ IS အဖွဲ့က Ramadi မြို့ရဲ့ တချို့နေရာတွေကို မကြာခင်ရက်တွေကပဲ ထိန်းချုပ်နိုင်ခဲ့တာပါ။

Ramadi မြို့ကို သိမ်းပိုက်လိုက်နိုင်တဲ့အတွက် IS အဖွဲ့အနေနဲ့ ဘဂ္ဂဒက်မြို့တော်ရဲ့ အနောက်ဘက်နဲ့ ၁၂၅ ကီလိုမီတာ လောက်သာ ဝေးတဲ့ နေရာမှာ ခြေကုပ် ရသွားတာဖြစ်ပါတယ်။

IS အဖွဲ့ဟာ သောကြာနေ့တုန်းက Ramadi မြို့တွင်းကို ဗုံးခွဲတိုက်ခိုက် ဝင်ရောက်လာပြီးတဲ့နောက် အစိုးရ အဆောက်အဦးတွေမှာ သူတို့ရဲ့ အမည်းရောင် အလံကို လွှင့်ထူခဲ့ကြပါတယ်။ တနင်္ဂနွေနေ့မှာလည်း ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေပြီး တိုက်ခိုက်မှုနှစ်ခုအတွင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသွားခဲ့ပါတယ်။

XS
SM
MD
LG