သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် Anbar ခရိုင်အတွင်း IS စစ်သွေးကြွ ခေါင်းဆောင် သေဆုံး


IS အဖွဲ့နှင့် ဆက်စပ်မှုရှိသော တွစ်တာ အကောင့်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၀ရက်က ဖော်ပြထားသေ ဓါတ်ပုံတွင် ကလေးငယ်တစ်ဦးကို ပန်းပွင့်ပေးနေသော စစ်သွေးကြွ ခေါင်းဆောင် Abu Wahib။ (AP Photo, via Twitter)
IS အဖွဲ့နှင့် ဆက်စပ်မှုရှိသော တွစ်တာ အကောင့်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၀ရက်က ဖော်ပြထားသေ ဓါတ်ပုံတွင် ကလေးငယ်တစ်ဦးကို ပန်းပွင့်ပေးနေသော စစ်သွေးကြွ ခေါင်းဆောင် Abu Wahib။ (AP Photo, via Twitter)

အီရတ်နိုင်ငံ Anbar ခရိုင်အတွင်းမှာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွခေါင်းဆောင်ဟာ ညွန့််ပေါင်းအဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးသွားပြီလို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောပါတယ်။ သူနဲ့အတူ တခြား Jihad ဘာသာရေးစစ်ပွဲ ဆင်နွဲသူ ၃ ဦးလည်း သေဆုံးသွားတယ် လို့ ဆိုပါတယ်။

Rutba မြို့အနီးမှာ IS ခေါင်းဆောင် Abu Wahib နဲ့ နောက်လိုက်တွေ မော်တော်ယာဉ်နဲ့ ခရီးသွားနေတဲ့အချိန် မေလ ၆ ရက်နေ့က ညွန့်ပေါင်း တပ်ဖွဲ့တွေက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက် ခဲ့ခြင်း ဖြစ်တယ်လို့ ပင်တဂွန်ပြောခွင့်ရ Peter Cook က တနင်္လာနေ့ မှာ ပြောပါတယ်။

လူတွေကို သတ်ဖြတ်နေတဲ့ ဗွီဒီယိုတွေကို အဲဒီ Abu Wahib က ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း Peter Cook က ပြောကြားလိုက်ပြီး သူလို စစ်သွေးကြွ အဖွဲ့က အရေးပါတဲ့သူကို သုတ်သင်လိုက်နိုင်ခြင်းဟာ အစွန်းရောက် စစ်သွေးကြွ တွေရဲ့ လှုပ်ရှားမှု အရှိန်လျော့ကျရေး ကြိုးပမ်းနေတဲ့ အီရတ်အစိုးရ တပ်ဖွဲ့တွေနဲ့ အဲဒီ တိုက်ခိုက်မှုကို ကူညီပေးနေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့တွေ အတွက် အရေးပါတဲ့ တိုးတက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

စစ်သွေးကြွခေါင်းဆောင် လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာလား၊ သို့တည်းမဟုတ် မောင်းသူမဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်ခဲ့ တာလားဆိုတာနဲ့ အဲဒီ Abu Wahib သေဆုံးသွားပြီလို့ အီရတ်အစိုးရက ၂၀၁၅ ခုနှစ်မှာ ပြောဆိုထားဖူးတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ပင်တဂွန် ပြောခွင့်ရ Peter Cook က ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

XS
SM
MD
LG