သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kobani တိုက်ပွဲ ISIS အရေးမလှ


ဆီးရီးယားနဲ့ တူရကီနယ်စပ်မှာ အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အကူအညီနဲ့ ကာ့လက်နက်ကိုင်အဖွဲ့တွေဟာ အခုဆိုရင် ကိုဘာနီမြို့ကနေ IS စစ်သွေးကြွအဖွဲ့တွေကို ပြန်လည် တိုက်ထုတ်နိုင်ခဲ့ပါတယ်။

ဆီးရီးယားမြောက်ပိုင်း နယ်စပ် ဒေသတလျှောက် သီတင်းသုံးပတ်ကြာ တိုက်ခိုက်မှုတွေဟာ မကြာသေးခင်ရက်တွေအတွင်း အရှိန်မြှင့် လာနေခဲ့တာပါ။ စစ်သွေးကြွအဖွဲ့တွေက ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံရဲ့ အကြီးဆုံးရေနံချက်စက်ရုံအနီးမှာ အီရတ်ရဟတ်ယာဉ်တစင်းကို တပတ်အတွင်း ဒုတိယအကြိမ် IS အစွန်းရောက်အဖွဲ့က ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်ပေါ်က လေယာဉ်မှူးနှစ်ဦး သေဆုံးသွားပါတယ်။

အီရတ်တပ်ဖွဲ့တွေဟာ ဇွန်လအစောပိုင်းကစလို့ Baiji မြို့မှာရှိတဲ့ ဒီရေနံချက်စက်ရုံကို ပြန်ရဖို့အတွက် အစွန်းရောက်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

ဒီအတောအတွင်း အီရတ်မှာရှိတဲ့ IS စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ ကနေဒါနိုင်ငံပါဝင်ဖို့ ကနေဒါလွှတ်တော်က အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကြိုဆိုလိုက်ပါတယ်။

ဒီနှစ်အတွင်း ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ နယ်မြေတွေ တိုးချဲ့သိမ်းယူလာနေတဲ့ IS အဖွဲ့ကို တိုက်ခိုက်ရာမှာ နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးကြဖို့ ကာ့လက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG