သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူဝိတ် ဗလီ တိုက်ခိုက်မှု IS လက်ခ ျက်


ကူဝိတ် ဗလီတိုက်ခိုက်ခံရ။
ကူဝိတ် ဗလီတိုက်ခိုက်ခံရ။

ကူဝိတ်နိုင်ငံမြို့တော်မှာ လူ ၂၅ ယောက်ထက်မနည်းသေဆုံးခဲ့တဲ့ ရှီယာပလီကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ IS အစ္စလာမ်အစွန်းရောက်အဖွဲ့က ပြောလိုက်ပါတယ်။

ကူဝိတ်စီးတီးမှာရှိတဲ့ အင်မန်ဆာဒစ်ပလီကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ IS အဖွဲ့နဲ့ ဆက်စပ်တဲ့ Nadj Province အဖွဲ့က ပြောပါတယ်။ သောကြာနေ့က ပလီအတွင်း ဝတ်ပြုဆုတောင်းသူတွေပြည့်နေတဲ့အချိန်မှာ အသေခံဗုံးခွဲသမားက သူမှာပါလာတဲ့ ဗုံးတွေကို ဖေါက်ခွဲလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း ဆော်ဒီအာရေဗျနိုင်ငံက ရှီယာပလီ ၂ ခုမှာ အလားတူ တိုက်ခိုက်မှုမျိုးတွေကို လုပ်ခဲ့တယ်လို့ Nadj Province အဖွဲ့က ပြောပါတယ်။

ရှီယာမွတ်စလင်တွေဟာ မိစ္ဆာဒိတ္ထိတွေဖြစ်တယ်လို့ IS အဖွဲ့က သတ်မှတ်ထားတာဖြစ်ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ကူဝိတ်စော်ဘွား ရှိတ်ခ် အာမက် အယ်လ်ဆာဘား အဲဒီနေရာကို သွားရောက်ခဲ့ပါတယ်။

XS
SM
MD
LG