သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေ ဓားစာခံ ၄၉ ဦး ပြန်လွှတ်


တူရကီဝန်ကြီးချုပ် Ahmet Davutoglu (ဗဟို-ဝဲ)
တူရကီဝန်ကြီးချုပ် Ahmet Davutoglu (ဗဟို-ဝဲ)

ပြီးခဲ့တဲ့ ဇွန်လတုန်းက IS စစ်သွေးကြွတွေ အီရတ်နိုင်ငံအတွင်းမှာ ဖမ်းဆီးသွားခဲ့တဲ့ တူရကီနိုင်ငံသား ၄၉ ယောက် အခု ပြန်လွတ်မြောက်လာပြီလို့ တူရကီဝန်ကြီးချုပ်က ပြောပါတယ်။ ဝန်ကြီးချုပ် Ahmet Davutoglu က ဓားစာခံတွေအားလုံး စနေနေ့အစောပိုင်းမှာ ဘေးကင်းစွာနဲ့ တူရကီကို ပြန်ရောက်လာပြီလို့ဆိုပါတယ်။

သံတမန်တွေ၊ စစ်သားတွေနဲ့ ကလေးတွေကို အီရတ်နိုင်ငံ Mosul မြို့ ကောင်စစ်ဝန်ရုံးကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ Moseul အပါအဝင် အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက နေရာအချို့ကို IS စစ်သွေးကြွတွေက သိမ်းပိုက်ထားခဲ့ပါတယ်။ ဒီဓားစာခံတွေ လွတ်မြောက်ဖို့ ငွေပေးခဲ့သလား ဒါမှမဟုတ် ဘယ်လိုလွတ်မြောက်ခဲ့လည်းဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဖမ်းဆီးခံထားရတဲ့ တူရကီနိုင်ငံသားတွေလည်း ရှိခဲ့တာကြောင့် NATO အဖွဲ့ဝင်ဖြစ်တဲ့ တူရကီဟာ IS စစ်သွေးကြွတွေကို ချေမှုန်းတဲ့နေရာမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ အခုလို လွတ်မြောက်မှုဟာ အမေရိကန် သတင်းထောက် ၂ ဦးနဲ့ ဗြိတိန်နိုင်ငံသားတဦး အသတ်ခံရတာနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေတာပါ။

ဝန်ကြီးချုပ် Davutoglu က တူရကီထောက်လှမ်းရေးက သူတို့နည်းသူတို့ဟန်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် အခုလို ဓားစာခံတွေ လွတ်မြောက်လာတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ ဇွန်လ ၆ ရက်နေ့တုန်းက အီရတ်နိုင်ငံအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ထရပ်ကားမောင်းသမား ၃၂ ယောက် ဟာလည်း တလအကြာမှာ ပြန်လွတ်မြောက်လာခဲ့ဖူးပါတယ်။

XS
SM
MD
LG