သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှုန်းရေး ပူးတွဲတိုးမြှင့် ဆောင်ရွက်ဖို့ ပြင်သစ်နဲ့ ကန် သဘောတူ


ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ လူအသေအပျောက်များခဲ့တဲ့ ဂျီဟာ့ဒ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ချေမှုန်းရေး ပူးတွဲ လုပ်ဆောင်ကြဖို့ အမေရိကန်နဲ့ ပြင်သစ်ခေါင်းဆောင်တွေ သန္ဓိဌာန်ချမှတ်ခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီး ၂ ဦးတို့ ဝါရှင်တန် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နှစ်နိုင်ငံ အတူတကွ ပိုပြီး ပူးပေါင်း လုပ်ဆောင်ကြရလိမ့်မယ်လို့ သမ္မတ Barack Obama က ပြင်သစ်သမ္မတ Francois Hollande ကို ပြောကြားခဲ့ပါတယ်။

IS အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုဟာ အားလုံးကို ခြိမ်းခြောက်နေတဲ့ ဆိုးရွားမှုကြီး တရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုပါတယ်။ ဒါ့အပြင် ဒီခြိမ်းခြောက်မှုကို လက်မြောက် အရှုံးပေးမှာမဟုတ်သလို။ ISIL တွေ လို အုပ်စုတွေ ကျရှုံးပြီး၊ မဟာမိတ်တွေဘက်က နိုင်မယ်ဆိုတာ မယုံမရှိလေနဲ့လို့ Mr. Obama က ပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် IS အစ္စလာမ်မစ် စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ သမ္မတ Hollande ကလည်း သူ့နိုင်ငံအနေနဲ့ ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်တဲ့အပြင် အမေရိကန်နိုင်ငံနဲ့အတူ လက်တွဲပြီး ပြတ်ပြတ်သားသား တုံ့ပြန်သွားဖို့ တောင်းဆိုလိုက်ပါတယ်။

IS တွေ သိမ်းပိုက်ထားတဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံထဲက ပိုင်နက် မြေတွေကို ပြန်ပြီးတော့ သိမ်းပိုက်နိုင်ဖို့၊ အကြမ်းဖက် ခေါင်းဆောင်တွေကို ခြေရာခံ လိုက်လံ ဖမ်းဆီးနှိမ်နင်းဖို့နဲ့ IS တွေရဲ့ စခန်းတွေကို ပိုမို ပြင်းထန်စွာ တိုက်ခိုက် ချေမှုန်းသွားဖို့ ပြင်သစ်သမ္မတက တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG