သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ခြိမ်းခြောက်မှု ကန်ထောက်လှမ်းရေးသတိပြု


IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင်လို့ပြောတဲ့ အမေရိကန်နိုင်ငံသားတဦးရဲ့ ခြိမ်းခြောက်လာမှုအသစ်ကြောင့် အမေရိကန်ထောက်လှမ်းရေး အရာရှိတွေအနေနဲ့ သတိထားစရာ ဖြစ်လာရပါတယ်။ ဒါပေမဲ့လည်း ဒီခြိမ်းခြောက်မှုနဲ့ ဆက်နွယ်တဲ့ အထောက်အထားတွေကတော့ ဘာမှ သိပ်မတွေ့ရသေးပါဘူး။

ဒီခြိမ်းခြောက်မှုကို Just Paste လို့အမည်ပေးထားတဲ့ အင်တာနက် ဘလော့ဂ် စာမျက်နှာပေါ်မှာ တင်ထားတာပါ။ Texas ပြည်နယ် Garland မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ လုံး၀ အစပဲ ရှိသေးတယ်ဆိုပြီးတော့ အဲဒီ ဘလော့ဂ် မှာ ရေးသားထားပါတယ်။

ပြည်နယ် ၁၅ ပြည်နယ်မှာ ငါတို့ လေ့ကျင့်ထားပြီး စစ်သည် ၇၁ ယောက်ရှိတယ်၊ သူတို့ဟာ ငါတို့တိုက်ခိုက်စေချင်တဲ့ ဆန္ဒရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေကြပြီ ဖြစ်တယ်ဆိုပြီးတော့ Abu Ibrahim Al-Meriki က ရေးသားထားပါတယ်။ သူဟာ အမေရိကန်နိုင်ငံဖွား အကြမ်းဖက်သမားဖြစ်ပြီး ပါကစ္စတန်က လူမျိုးစုတွေနေထိုင်ရာ အရပ်မှာ လှုပ်ရှားနေတယ်လို့ ယူဆရပါတယ်။ နောက်လာမယ့် ၆ လဟာ စိတ်ဝင်စားစရာ ဖြစ်လိမ့်မယ်လို့လည်း ရေးသားထားပါတယ်။

Garland တိုက်ခိုက်မှုဟာ အမေရိကန် လွတ်လပ်မှု ကာကွယ်ရေး စဦးဆောင်ရွက်မှုအဖွဲ့ AFDI ပူးတွဲတည်ထောင်သူ Pam Geller ကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း Al-Ameriki က ရေးသားထားပါတယ်။ တိုက်ခိုက်မှု ပြုလုပ်တဲ့ နေရာမှာ AFDI အဖွဲ့က တမန်တော် မိုဟာမက် အကြောင်း ကာတွန်းပြိုင်ပွဲကျင်းပဖို့ အစည်းအဝေးတခု ကျင်းပနေတဲ့နေရာ ဖြစ်ပါတယ်။

Garland မှာ လုံခြုံရေးအစောင့်ကို တိုက်ခိုက်ခဲ့သူ ၂ ဦးဟာ Elton Simpson နဲ့ Nadir Soofi တို့ ဖြစ်ကြပြီး ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်ချိန်မှာ နှစ်ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

XS
SM
MD
LG