သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားက ခရစ်ယာန်ဘာသာဝင် အီသီယိုပီးယား ၃၀ ကို IS သတ်ဖြတ်


IS စစ်သွေးကြွတွေ တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုခွေထဲမှာ ဖမ်းထားတဲ့ လစ်ဗျားက ခရစ်ယာန်ဘာသာဝင် အီသီယိုပီးယား အယောက် (၃၀) ကို သတ်ဖြတ်တဲ့ပုံတွေ ဖေါ်ပြထားပါတယ်။

ကွန်ပြူတာအွန်လိုင်းမှာ တင်လိုက်တဲ့ဒီအခွေထဲမှာ သူတို့ ဖမ်းထားတဲ့သူတွေကို သတ်ပစ်တာဟာ လစ်ဗျားနိုင်ငံက နေရာနှစ်နေရာမှာရှိတဲ့ IS အဖွဲ့နဲ့ ဆက်နွယ်နေသူတွေ ဖြစ်ကြောင်းပြောပါတယ်။

အဖွဲ့တဖွဲ့က သူတို့ဖမ်းထားသူတွေကို သေနတ်နဲ့ ပစ်ခတ်သုတ်သင်ခဲ့တာဖြစ်ပြီး နောက်တဖွဲ့ကတော့ ခေါင်းဖြတ်သတ်ခဲ့တာလို့ AP သတင်းမှာ ဖေါ်ပြပါ တယ်။ အခုတင်လိုက်တဲ့ ဗီဒီယိုခွေဟာ အရင် IS စစ်သွေးကြွတွေ တင်ခဲ့တဲ့အခွေတွေနဲ့ ပုံစံတူတယ်လို့ စစ်ဆေးသုံးသပ်သူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ IS အဖွဲ့တွေ သိမ်းပိုက်ထားခဲ့တဲ့ အီရတ်အနောက်ပိုင်း Anbar ခရိုင်ထဲမှာ ဒေသခံ (၉၀,၀၀၀) ကျော်ဟာ တိုက်ပွဲတွေကြောင့် သူတို့ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပြောပါတယ်။

ခရိုင်မြို့တော် ရာမာဒီနဲ့ အနားက ကျေးရွာသုံးရွာက ဒေသခံတွေဟာ ထွက်ပြေးနေကြရပြီး ဒီအိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေအတွက် အစားအစာ၊ ရေနဲ့ နားခိုစရာရအောင် အကူအညီတွေ ပို့ပေးနိုင်ရေးကို အဓိကထား လုပ်ဆောင်ပေးနေတယ်လို့ အီရတ်နိုင်ငံအတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု ဆိုင်ရာတာဝန်ခံက ပြောပါတယ်။

စနေနေ့တုန်းကတော့ IS အဖွဲ့တွေသိမ်းထားတဲ့ ရေနံချက်စက်ရုံကြီးကို အီရတ်တပ်တွေဟာ ပြန်လည် သိမ်းယူနိုင်ခဲ့တာပါ။

XS
SM
MD
LG