သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မှာ မြေပြင်တပ်စေလွှတ်ရေး အလားအလာ အမေရိကန်တံခါးဖွင့်ထား


အီရတ်က Islamic State စစ်သွေးကြွတွေကို တိုက်ခိုက်ရေးမှာ အမေရိကန် မြေပြင်တပ်တွေ ဖြန့်ချနိုင်ရေး အလားအလာအတွက် အမေရိကန်စစ်တပ် ထိပ်တန်းအရာရှိကြီး တယောက်က လမ်းဖွင့်ပေးလိုက်ပါတယ်။

အီရတ်စစ်သားတွေနဲ့အတူ အမေရိကန် စစ်ဘက်အကြံပေးတွေ စစ်မြေပြင်ထွက်ဖို့ လိုအပ်လာမယ်ဆိုရင် သူ့အနေနဲ့ သမ္မတဆီက ခွင့်ပြုချက်ကို တောင်းခံသွားမယ်လို့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Martin Dempsey က လွှတ်တော်ကြားနာပွဲတခုမှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်အကြံပေးတွေရဲ့ အဓိကအခန်းကဏ္ဍက တိုက်ခိုက်ရေးပိုင်းကို အကြံပေးတာဖြစ်ပြီး လောလောဆယ်တော့ သူတို့ကို စစ်မြေပြင်လွှတ်ဖို့ အခြေအနေ မရှိသေးဘူးလို့ ဗိုလ်ချုပ်ကြီး Dempsey က ပြောပါတယ်။ အီရတ်က စစ်ပွဲတွေမှာ အမေရိကန် တိုက်ခိုက်ရေးတပ်တွေ ပါဝင်မှာ မဟုတ်ဘူးဆိုတဲ့ သမ္မတ အိုဘားမားရဲ့ ရပ်တည်ချက်ကိုတော့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က ထပ်မံ ပြောကြားခဲ့ပါတယ်။

Islamic State စစ်သွေးကြွတွေကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေး အီရတ်တပ်တွေရဲ့ ကြိုးပမ်းမှုကို အားဖြည့်တဲ့အနေနဲ့ အမေရိကန် စစ်ဘက်အကြံပေး ၁၆၀၀ ကျော်ကို သမ္မတ အိုဘားမားက လတ်တလော သီတင်းပတ်တွေအတွင်း အီရတ်ကို စေလွှတ်ခဲ့ပါတယ်။

XS
SM
MD
LG