သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်ဘာသာဝင်များရဲ့ အစ် အခါသမယ အမေရိကန်သမ္မတ သဝဏ်လွှာပေးပို့


အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရာမာဒန် ဥပုပ်လကုန်ဆုံးတဲ့ နေ့ထူးနေ့မြတ် အခါသမယ အစ် (Eid) နေ့အဖြစ် ကမ္ဘာပေါ်က အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာဟာ အစ် ပွဲတော်ကို စီရင်ကျင်းပကြပါတယ်။

မိသားစု ပြန်လည် စုစည်း ပေါင်းစည်းတာတွေ၊ စားသောက်ပွဲတွေနဲ့ တခြား အခမ်းအနားပွဲတွေ စီရင်ကျင်းပကြပါတယ်။ ကမ္ဘာ့ မူစလင်တွေရဲ့ အစ် နေ့ အခါသမယ အတွက် ကြိုဆိုတဲ့ သဝဏ်လွှာတွေကို အမေရိကန် သမ္မတ ဘရက်အိုဘားမားရဲ့ အိမ်၊ ရုံး၊ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့က ထုတ်ပြန် ကြိုဆိုလိုက်ကြပါတယ်။

အစ္စလာမ်ဘာသာဝင် အများဆုံး ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ တနင်္ဂနွေနေ့ အရုဏ်ဦးကတည်းက ဘုရား ဝတ်ပြုမှုတွေ စတင်ပါတယ်။ ဂျကာတာ မြို့တော်ရဲ့ အယ်လ်အာဇာ ဗလီကြီးမှာ ဝတ်ပြုသူတွေ ထောင်ပေါင်း များစွာ လာရောက်ကြတယ်လို့ သတင်းများက ဆိုပါတယ်။
XS
SM
MD
LG