သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့်ရှီယာမူဆလင်ဘုရားပွဲ IS ဗုံးခွဲ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗုံးပေါက်ကွဲမှုတွေအတွင်း ထိခိုက်ဒဏ်ရာရသူများ (အောက်တိုဘာ ၂၄၊ ၂၀၁၅)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗုံးပေါက်ကွဲမှုတွေအတွင်း ထိခိုက်ဒဏ်ရာရသူများ (အောက်တိုဘာ ၂၄၊ ၂၀၁၅)

ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ စနေနေ့က ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တာဟာ သူတို့လက်ချက်လို့ IS စစ်သွေးကြွအဖွဲ့က ကြေညာခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုတွေကနေ ဆယ်ကျော်သက် လူငယ်တစ်ဦးသေဆုံးခဲ့ရပြီး မြို့တော် Dhaka မှာ ထောင်နဲ့ချီတဲ့ ရှီယာမူဆလင်တွေ ကျင်းပနေတဲ့ ဘာသာရေးပွဲတော်ကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

ရှီယာမူဆလင်တွေ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ Ashura ရင်ထုပွဲတော်ကျင်းပနေတဲ့ လူစုဝေးနေချိန်မှာ အခုလို အတိုက်ခိုက်ခံရတာ ဖြစ်ပြီး ဒဏ်ရာရသူကလည်း ဒါဇင်နဲ့ချီ ရှိနေတာပါ။

IS စစ်သွေးကြွအဖွဲ့က ဒီပွဲတော်ဟာ သူတို့အဆို ဘုရားအများအပြားကိုးကွယ်တဲ့ ပူဇော်ပွဲဖြစ်တာကြောင့်လို့ ရှုတ်ချပစ်တင်ပြီး ဘင်္ဂလာဒက်ရှ်မှာရှိတဲ့ သူတို့ရဲ့တပ်သားတွေက ဗုံးဖေါက်ခွဲခဲ့တာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ အမေရိကန်အခြေစိုက် အကြမ်းဖက်စောင့်ကြည့်ရေးအဖွဲ့ SITE က သတင်းထုတ်ပြန်ပါတယ်။

မဂိုဘုရင်တွေရဲ့ မြို့ဟောင်းနေရာက ပင်မ ရှီယာဗလီကြီးရှိရာ Hosseini Dalan မှာ လူတွေ ထောင်နဲ့ချီပြီး စုဝေးနေချိန်မှာပဲ ဗုံးအငယ်စား ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရတဲ့အတွက် အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက် အမျိုးသားငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒက်ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံယသရှိသူနှစ်ဦးကို ရဲတွေက ဖမ်းဆီးမိခဲ့သလို မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

XS
SM
MD
LG