သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်


အစ္စရေးလ်၊ ပါလက်စတိုင်း နှစ်ဘက်တိုက်ပွဲပြင်းထန်။
(ဇူလိုင် ၃၁၊ ၂၀၁၄)
အစ္စရေးလ်၊ ပါလက်စတိုင်း နှစ်ဘက်တိုက်ပွဲပြင်းထန်။ (ဇူလိုင် ၃၁၊ ၂၀၁၄)

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာမထားရှိဘဲ လူသားချင်းစာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။

ဒ့ါအပြင်အခုလို အပစ်အခတ်ရပ်စဲရေး အချိန်ကာလအတွင်း ဒီတိုက်ခိုက်မှုတွေ အတွင်း သေဆုံးသွားတဲ့သူတွေကို သင်္ဂြိုဟ်တာတွေ၊ စားနပ်ရိက္ခာပြန်လည် ဖြည့်ဆည်းတာတွေ နဲ့ အဆောက် အအုံတွေ ပြန်လည် ပြင်ဆင်တာတွေ လုပ်ဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။

အစ္စရေးလ် နဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့တွေ ဟာ ရေရှည် အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးဖို့အတွက် ကိုင်ရိုမြို့ကို ချက်ချင်း ခရီးနှင်ကြာမှာဖြစ်တယ်လို့ သူတို့ ၂ ဦးစလုံးက ပြောပါတယ်။ အပစ်အခတ် ရပ်စဲရေးကို လက်ခံကြောင်း ဟာမားစ်ဘက်က ပြောလိုက်ပေမဲ့လည်း အစ္စရေးလ်ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့ ၂ ဘက်စလုံးက အပစ်ရပ်ဖို့အတွက် သဘောတူတယ်ဆိုတာကို ဝန်ကြီးကယ်ရီရော မစ္စတာ ဘန်ကီမွန်းရောက အာမခံပြောကြားခဲ့ပါတယ်။ ဂါဇာဒေသမှာ ၂ ဘက် အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၃၀၀ ကျော်သေဆုံးပြီး အစ္စရေးလ်ဘက်က စစ်သား ၅၆ ယောက် နဲ့ အရပ်သား ၃ ယောက်သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG