သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း အစ္စရေး အိမ်ယာဆောက်မည်


အစ္စရေးဘက်က တည်ဆောက်ရန်ပြင်ဆင်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်
အစ္စရေးဘက်က တည်ဆောက်ရန်ပြင်ဆင်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်
ပါလက်စတိုင်းဒေသကို ကုလသမဂ္ဂက လေ့လာသူအဖြစ် တခဲနက် ထောက်ခံပေးပြီးလိုက်တဲ့နောက် အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသ အနောက်ဖက် ကမ်းခြေမှာ အိမ်အသစ် အလုံး ၃ ထောင် တည်ဆောက်မယ်လို့ အစ္စရေးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အိမ်အသစ်ဆောက်မယ့်အစီအစဉ်ကို ဝန်ကြီးချုပ် Benjamin Netanyahu အစိုးရက ခွင့်ပြုလိုက်ပြီလို့ အမည်မဖော်လိုတဲ့ အစ္စရေး အရာရှိတဦးက သတင်းမီဒီယာတွေကို ပြောကြားလိုက်တာပါ။

အစ္စရေးဒီလုပ်ရပ်ဟာ အကျိုးဆုတ်ယုတ်မှု ဖြစ်စေပြီး နှစ်ပြည်ထောင် သီးခြားရပ်တည်ရေး အစီအစဉ်အတွက် နှစ်ဖက် တိုက်ရိုက် တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်တွေကို ပိုပြီး ခက်ခဲသွားစေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ကုလသမဂ္ဂမှာ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူအဖြစ် တခဲနက် လက်ခံလိုက်တဲ့အပေါ် အောင်ပွဲခံနေကြတဲ့ ပါလက်စတိုင်းတွေက အစ္စရေးရဲ့ ဒီဆုံးဖြတ်ချက်အပေါ် အမျက်ဒေါသထွက်ခဲ့ကြပါတယ်။

ပါလက်စတိုင်းကို ကုလသမဂ္ဂမှာ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူအဖြစ် ထောက်ခံမဲ ၁၃၈ မဲနဲ့ အတည်ပြုလိုက်တဲ့အပေါ် ပါလက်စတိုင်း အများစုက ဝမ်းသာ ရွှင်မြူးနေကြတာပါ။
XS
SM
MD
LG