သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးပွဲအကြို အစ္စရေးက ပါလက်စတိုင်းအကျဉ်းသားတချို့ လွှတ်ပေးမည်


အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြန်စနိုင်ရေး ညှိနှိုင်းဆွေးနွေးဖို့ နှစ်ဘက် သဘောတူခဲ့ပြီး နောက် တရက်မှာပဲ
ပါလက်စတိုင်းအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးဖို့ အစ္စရေးက သဘောတူခဲ့ပါတယ်။

အကျဉ်းသားတွေ ပြန်လွှတ်ပေးမယ်လို့ အစ္စရေး နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး Yuval Steinitz က ဒီကနေ့ စနေနေ့မှာ ကြေညာခဲ့ပေမဲ့ ဘယ်သူတွေကို ပြန် လွှတ်ပေးမှာလဲ၊ ဘယ်နှစ်ယောက်ကို လွှတ်ပေးမှာလဲဆိုတဲ့ အတိအကျကိုတော့ မပြောပါဘူး။

အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ညှိနှိုင်းမှုတွေ ပြန်စတော့မယ့် အစီအစဉ်ကို ကြားဝင်ဆောင်ရွက်ပေးနေတဲ့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သောကြာနေ့က ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ ညှိနှိုင်းဆွေးနွေးပွဲ ပြန်စမယ်ဆိုတဲ့အကြောင်း အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ညှိနှိုင်းဆွေးနွေးပွဲအတွက် တချို့ကိစ္စတွေကို အသေးစိတ်ဆက်လက် ညှိသွားဖို့ရှိပေမဲ့ အားလုံး အဆင်ပြေတယ်ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေဟာ လာမယ့် သီတင်း တစ်ပတ် နှစ်ပတ်အတွင်း ဝါရှင်တန်မြို့မှာ ကနဦး ဆွေးနွေးမှုတွေ လာလုပ်ကြမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
XS
SM
MD
LG