အစ္စရေးလ်နဲ့ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းသူတွေဟာ ဆွေးနွေးပွဲတွေ ပြန် စနိုင်ရေး ဆွေးနွေးဖို့ ၃ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဝါရှင်တန်မြို့တော် မှာ တနင်္လာနေ့ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးလ်နိုင်ငံဘက်က တရားရေးဝန်ကြီး Tzipi Livni က ကိုယ်စားပြုဆွေးနွေးမှာဖြစ်ပြီး ပါလက်စတိုင်းဘက် ကတော့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ အကြီးအကဲ Saeb Erekat တက်ရောက်မှာပါ။
အစ္စရေးလ်နဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေ အနေနဲ့ အကြိုတွေ့ဆုံနိုင်တဲ့ အခြေအနေအထိ ရောက်လာအောင် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတဲ့ အတွက်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဝမ်းသာတဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်း အကျဉ်းသား လွှတ်ပေးရေး အစီအစဉ်အတွက် အစ္စရေးလ် အစိုးရနဲ့ ဝန်ကြီးချုပ် Benjamin Netanyahu ကြား အတိုက်အခံတွေနဲ့ ကြုံခဲ့ရပြီး နောက်မှာပဲ အကြိုဆွေးနွေးပွဲတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
အစ္စရေးလ်အစိုးရရဲ့ အစီအစဉ်အရ ပါလက်စတိုင်း အကျဉ်းသား ၁၀၄ ယောက်ကို ၄ သုတ်ခွဲ ပြန်လွှတ်ပေးသွားမှာပါ။ ဒါပေမဲ့လည်း အစ္စရေးလ် တရားရေးဝန်ကြီး Livni ကတော့ ဆွေးနွေးညှိနှိုင်း ရာမှာ အလေးအနက် ထားကြောင်း ပါလက်စတိုင်းတွေဘက်က သက်သေပြနိုင်မှသာ အကျဉ်းသား လွှတ်ပေးရေး အစီအစဉ်တွေကို ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ ပါတယ်။