သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဂါဇာ အပစ်ရပ်စဲ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (ဝဲ) နှင့် အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Mohammed Kamel Amr တို့ ဂါဇာအပစ်ရပ်စဲရေး ပူးတွဲကြေညာစဉ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (ဝဲ) နှင့် အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Mohammed Kamel Amr တို့ ဂါဇာအပစ်ရပ်စဲရေး ပူးတွဲကြေညာစဉ်။
အီဂျစ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အစ္စရေးနဲ့ ဂါဇာအကြား အပစ်အခတ်ရပ်စဲဖို့ ဗုဒ္ဓဟူးနေ့ညက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သဘောတူညီချက် စတင် အကျုံးမဝင်ခင် အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်နေတဲ့ ဟာမာ့စ်အဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

အပစ်အခတ်ရပ်စဲမှု စတင်တာနဲ့ ဂါဇာဒေသခံတွေ လမ်းမတွေပေါ်ထွက်လာကြပြီး အောင်ပွဲခံတဲ့ အနေနဲ့ သေနတ်တွေ မိုးပေါ်ထောင် ပစ်ခတ်ခဲ့ကြပ ါတယ်။ ဒေသစံတော်ချိန် ည ၉ နာရီမှာ အပစ်အခတ် ရပ်စဲမှု စတင်မယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ဘေးချင်း ယှဉ်ရပ်ပြီး အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Mohammed Kamel Amr က ကိုင်ရိုမြို့မှာ ကြေညာလိုက်တာပါ။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ နှစ်ဖက် အပြန်အလှန် ရန်ငြိုးထားမှုတွေ ရပ်တန့်ရေး၊ လူတွေနဲ့ ကုန်ပစ္စည်းတွေ ကူးသန်း သွားလာနိုင်အောင် ဂါဇာနယ်စပ်ဂိတ်တွေ ဖွင့်ပေးရေးတို့ ပါဝင် ပါတယ်။ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်အောင် ၂၄ နာရီ အချိန်ပေးထားပြီး ဒီ သဘောတူညီချက်ကို ချိုးဖောက်ခြင်း ရှိမရှိဆိုတာကို အီဂျစ်နိုင်ငံကပဲ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က အပြန်အလှန် ကြားဝင် စေ့စပ်ပေးခဲ့ပြီးတဲ့နောက်မှာ အခုလို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG