သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်း ယာယီအပစ်ရပ်မှု အောင်မြင်


ဂါဇာအရေး တွေ့ဆုံနေကြတဲ့ အမေရိကန်၊ ကာတာ၊ တူရကီ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီးများ။ (ဂျူလိုင် ၂၆၊ ၂၀၁၄)
ဂါဇာအရေး တွေ့ဆုံနေကြတဲ့ အမေရိကန်၊ ကာတာ၊ တူရကီ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီးများ။ (ဂျူလိုင် ၂၆၊ ၂၀၁၄)

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှုအခြေခံနဲ့ ၁၂ နာရီကြာ အပစ်အခတ်ရပ်စဲထားတာကို တိုးချဲ့ဖို့ နိုင်ငံ ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အစ္စရေးလ်စစ်ဘက်နဲ့ ဟာမားစ် စစ်သွေးကြွအဖွဲ့တို့ကို တောင်းဆိုနေပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆိုင်ရာ အကျပ်အတည်းအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနဲ့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ တူရကီ၊ ကာတာ နိုင်ငံခြားရေးဝန်ကြီးတွေ ပဲရစ်မြို့တော်မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြတာပါ။

လုံခြုံရေးအပေါ် အစ္စရေးလ်ရဲ့စိုးရိမ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းပြီး ဂါဇာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ပါလက်စတိုင်းတွေရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းရေးတို့အတွက် ရေရှည်ခံမယ့် အပစ်အခတ်ရပ်စဲမှုတခုလုပ်ဖို့ ထိပ်တန်းသံတမန် ခုနစ်ဦးက တိုက်တွန်းနေကြတယ်လို့ ဆွေးနွေးပွဲအပြီးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က သတင်းထောက်တွေကို ပြောခဲ့ပါ တယ်။

ဂါဇာကနေ ဟာမားစ်တို့က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို အစ္စရေးလ်က တုံ့ပြန်တိုက်ခိုက်နေတာ အခုဆို သီတင်း သုံးပတ်ထဲ ဝင်လာပါပြီ။ ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား အများအပြားအပါအဝင် ပါလက်စတိုင်းလူမျိုး ၉၀၀ နီးပါး သေဆုံးခဲ့ရပြီးပါပြီ။ အစ္စရေးလ်စစ်သား ၃၇ ဦးနဲ့ အရပ်သား နှစ်ဦးတို့လည်း သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ဂါဇာမှာ ၁၂ နာရီကြာ အပစ်အခတ် ရပ်စဲရေးဟာ ဒီကနေ့မနက်ပိုင်းကစပြီး အသက်ဝင်ခဲ့ပါတယ်။

XS
SM
MD
LG