သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ ပြန်စနိုင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ၊ ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီ အယ်လ်မာလိကီ (ဒု-ယာ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ၊ ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီ အယ်လ်မာလိကီ (ဒု-ယာ)
အစ္စရေးနဲ့ ပါလက်စ်တိုင်းကြား နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်တွေ တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ်အာဘက်စ် နဲ့ တွေ့ဆုံပြီး ရာမာလာမြို့ကနေ ပြန်ရောက်လာခဲ့ပြီး တဲ့နောက် ဂျော်ဒန်နိုင်ငံ အာမန်မြို့မှာ မစ္စတာ ကယ်ရီက ခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ ပါလက်စတိုင်းနဲ့ အစ္စရေးကြား တိုက်ရိုက်ဆွေးနွေးမှုတွေ ပြန်စဖို့ အခြေခံသဘောတူညီမှုတွေ ရရှိခဲ့တဲ့အကြောင်းနဲ့ ဒါဟာ သိသာတဲ့တိုးတက်မှု ဖြစ်တဲ့အကြောင်း မစ္စတာ ကယ်ရီက ပြောခဲ့ပါတယ်။

အသေးစိတ်လုပ်ငန်းတွေကိုတော့ ညှိနှိုင်းနေဆဲဖြစ်ပြီး၊ တကယ်လို့ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ပါလက်စတိုင်းနဲ့ အစ္စရေး အရာရှိတွေဟာ လာမယ့် သီတင်း တပတ် နှစ်ပတ်အတွင်း ဝါရှင်တန်မြို့တော်ကို လာရောက်ပြီး ကနဦးအဆင့် ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ပါလက်စတိုင်းသမ္မတ အာဘက်စ် တို့ကိုလည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တဲ့အပေါ်မှာ မစ္စတာ ကယ်ရီက ချီးကျူးစကား ဆိုခဲ့ပါတယ်။ မစ္စတာ ကယ်ရီဟာ ဒီနှစ်အစောပိုင်း နိုင်ငံခြားရေးဝန်ကြီး တာဝန်တွေ စတင်ယူခဲ့ချိန်ကစလို့ အရှေ့အလယ်ပိုင်းဒေသကို ငြိမ်းချမ်းရေးကြိုးပမ်းတဲ့ ခရီးစဉ်တွေ သွားရောက်နေခဲ့တာမှာ ဒါ ၆ ကြိမ်မြောက်ဖြစ်ပါတယ်။
XS
SM
MD
LG