သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်နဲ့ Hezbollah ဒုံးကျည် အပြန်အလှန်ပစ်ခတ်


အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu

အစ္စရေးလ်ကြည်းတပ်ရဲ့ မော်တော်ယာဉ်တန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ပါဝင်ခဲ့သူတွေအနေနဲ့ ဒဏ်ကြေး အပြည့်အ၀ ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဆီးရီးယားနဲ့ လဘနွန်နယ်စပ်မှာ ဖြစ်ပွားတဲ့ ဒုံးကျည်နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း အစ္စရေးလ် စစ်သား ၂ ဦးနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့က စပိန်တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ရပြီး၊ အစ္စရေးလ်တပ်သား ၇ ယောက် ဒဏ်ရာရရှိသွားပါတယ်။

အစ္စရေးလ်ကတော့ အခုတိုက်ခိုက်မှုကို လဘနွန်နိုင်ငံမှာ အခြေစိုက်တဲ့ အစ္စလာမ်မစ် စစ်သွေးကြွ Hezbollah အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

အီရန်နိုင်ငံဟာ Hezbollah အဖွဲ့ကို အသုံးပြုပြီး ဆီးရီးယားနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ဂိုလံကုန်းမြင့် ဒေသတွင်းမှာ နောက်ထပ် အကြမ်းဖက် တပ်ဦးတခု ထူထောင်ဖို့ ကြိုးပမ်းနေတယ်လို့ ဝန်ကြီးချုပ် Netanyahu က ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အစ္စရေးလ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အခုတိုက်ခိုက်မှုဟာ လက်ဘနွန်နဲ့ ဆီးရီးယားပိုင် နယ်နမိတ်ထဲကနေ လာတာဖြစ်တဲ့အတွက် လက်ဘနွန်အစိုးရနဲ့ ဆီးရီးယားသမ္မတ အာဆတ်ရဲ့ အစိုးရတို့ ၂ ဘက် စလုံးမှာ တာဝန်ရှိတယ်လို့ Netanyahu က အစည်းဝေးမှာ ပြောပါတယ်။

XS
SM
MD
LG