သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်မှု လိုက်နာသူတွေ ဟားမာ့(ဇ်) ဝန်ကြီးချုပ်ချီးကျူး


နှစ်ဘက် အပစ်အခတ် ရပ်စဲလိုက်တဲ့ အတွက် ပြည်သူများ ပျော်မြူးနေစဉ်။
နှစ်ဘက် အပစ်အခတ် ရပ်စဲလိုက်တဲ့ အတွက် ပြည်သူများ ပျော်မြူးနေစဉ်။
အစ္စရေးနဲ့ ဟားမက်စ်တို့ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှစ်ရက်ဆက်တိုက် ဖြစ်ပွားနေရာကနေ ရပ်ဆိုင်းသွားခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ထောင်နဲ့ချီတဲ့ ဂါဇာဒေသခံတွေဟာ လမ်းတွေပေါ်ထွက်ပြီး အလံတွေဝှေ့ယမ်းပြီး ပျော်မြူးနေကြသလို အစ္စရေးဘက်ကလည်း တင်းမာမှုတွေ တဖြေးဖြေးလျော့ပါးနေတာ တွေ့ရပါတယ်။

အပစ်အခတ်မရှိဘဲ ကြည်လင်နေတဲ့ ကောင်းကင်မြင်ကွင်းဟာ အီဂျစ်က ကြားဝင်ပြီး ဖြန်ဖြေပေးတဲ့ အပစ်အခတ်ရပ်စဲရေး အောင်မြင်မှုကြောင့်ဖြစ်ပြီး ဂါဇာကမ်းမြောင်ဘက်က ဟားမက်စ်ဝန်ကြီးချုပ်က သူ့ရဲ့ စစ်သွေးကြွအဖွဲ့အများအပြား ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် လေးစားလိုက်နာခဲ့တာကို ချီးကျုးလိုက်ပါတယ်။

အီဂျစ်ဝန်ကြီးချုပ် ဘဂျမမ်နမ်တာရာဟုကလည်း သူ့အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို လေးစားတဲ့အနေနဲ့ အပစ်အခတ်တွေ မလုပ်ပေမယ့် တဘက်က ဒီသဘောတူညီချက်ကို ချိုးဖောက်လာရင်တော့ ပြန်ပြီး တုန့်ပြန်ဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အစ္စရေးတောင်ပိုင်းမှာ အခုထက်ထိ ကျောင်းတွေကို ပိတ်ထားစဲပါ။ ဒီဒေသဟာ အစ္စရေး ပါလက်စတိုင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လေးနှစ်တာကာလအတွင်း ပါလက်စတိုင်းတွေရဲ့ ရော့ကဒ်လောင်ချာနဲ့ပစ်ခတ်မှု အများဆုံးခံရတဲ့ဒေသပါ။ အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်စစ်သွေးကြအဖွဲ့ တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ အခု ၂၄ နာရီအောင်မြင်နေတာမို့ ဂါဇာကမ်းမြောင်ဒေသက လူနဲ့ကုန်စည်ကူးသန်းမှုတွေအတွက် နယ်စပ်ဒေသကို ပြန်ပြီးဖွင့်ပေးဖို့ လုပ်နေပါတယ်။
XS
SM
MD
LG