သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်-ပါလက်စတိုင်း ဆွေးနွေးပွဲ ပြန်စ


 ဆွေးနွေးပွဲ အတွက် သဘောတူအပြီး လက်ဆွဲနှုတ်နေသည့် ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူး Saeb Erekat (ဝဲ) နှင့် အစ္စရေးလ် တရားရေးဝန်ကြီး Tzipi Livni (ယာ)။
ဆွေးနွေးပွဲ အတွက် သဘောတူအပြီး လက်ဆွဲနှုတ်နေသည့် ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူး Saeb Erekat (ဝဲ) နှင့် အစ္စရေးလ် တရားရေးဝန်ကြီး Tzipi Livni (ယာ)။
အစ္စရေးနဲ့ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ဂျေရုစလင်မြို့မှာ ဒီနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်စတင်နေပါပြီ။ နှစ်ဘက် စေ့စပ်ဆွေးနွေးပွဲတွေ ၃ နှစ်ကြာဆိုင်းငံ့နေခဲ့ပြီး ဒီတခါ ပထမဆုံးအကြိမ်အဖြစ် အဓိကကျတဲ့ ပြဿနာတွေပြေလည်ရေး အကြီးအကျယ် ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။

နှစ်ဘက်အကြို ပဏာမညှိနှိုင်းပွဲကို ပြီးခဲ့တဲ့လက ဝါရှင်တန်မှာကျင်းပနိုင်ခဲ့ပြီး ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ အနာဂတ်ကံကြမ္မာ၊ ဂျူးအခြေချရပ်ကွက်တွေကိစ္စနဲ့ ပါလက်စတိုင်းနိုင်ငံသစ် ကိုပုံဖော်မယ့် အနာဂတ်နယ်နမိတ် စတဲ့ အခြေခံကျတဲ့ ပြဿနာတွေကို ၉ လကြာအချိန်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ နှစ်ဘက်စလုံးအနေနဲ့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးမှဖြစ်မယ်ဆိုတာကို နားလည် သဘောပေါက်ကြကြောင်း၊ အထူးသဖြင့် နယ်နိမိတ်နဲ့ လုံခြုံရေးပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာမှဖြစ်မယ်လို့ ပြောပါတယ်။ ဒီနေ့ဆွေးနွေးပွဲအကြိုအဖြစ် ဝန်ကြီး ကယ်ရီက အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Naetayahu ကိုရော၊ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ကိုပါ တယ်လီဖုန်းနဲ့ အားပေးစကား ပြောဆိုလိုက်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို အစ္စရေးလ်တရားရေးဝန်ကြီး Tzipi Livni၊ ပါလက်စတိုင်းစေ့စပ်ရေးမှူး Saeb Erekat တို့က ဦးဆောင်ဆွေးနွေးပြီး အစ္စရေးလ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Martin Indyk လည်း ပါဝင်ကူညီ ညှိနှိုင်းမှာဖြစ်ပါတယ်။
XS
SM
MD
LG