သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး အစိုးရသစ်ဖွဲ့ကြောင်း ကြေညာ


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu။
အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ညာဟူးက အစ္စရေးအစိုးရသစ်ဖွဲ့လိုက်တဲ့ အကြောင်းကို သမ္မတ ရှီမွန်ပဲရစ်ကို စနေနေ့ နှောင်းပိုင်းမှာ တရားဝင်အသိပေးအကြောင်းကြား လိုက်ပါတယ်။ မစ္စတာ နာတန်ညာဟူးဟာ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား အစ္စရေးလ်နိုင်ငံ ကို ရောက်မလာခင်အချိန်မီ တခြားပါတီ ၃ ခုနဲ့ သဘောတူညီမှုရယူပြီး အစိုးရသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားဟာ ဗုဒ္ဓဟူးနေ့ကစပြီး ဂျေရုစလင်၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ နဲ့ ဂျော်ဒန်နိုင်ငံတွေကို ၃ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပါတယ်။

အစ္စရေးလ်အစိုးရဟာ လုံခြုံရေး၊ စီးပွားရေး နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ကိစ္စတွေ အကုန်လုံးနဲ့ ပတ်သက်ပြီးတော့ အဆုံးအဖြတ်ပေးရမယ့်အချိန်နဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ ရှီမွန်ပဲရစ်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်းမှာ မစ္စတာ နာတန်ညာဟူးက ပြောကြားခဲ့ပါတယ်။

မစ္စတာ နာတန်ညာဟူးရဲ့ လီကွတ်ပါတီဟာ သောကြာနေ့တုန်းက ဘရစ်ရာဟူဒီပါတီ အပါအဝင် ယက်ရ်အာတစ် ပါတီတို့နဲ့ ညွန့်ပေါင်းအစိုးဖွဲ့ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် အရင်နိုင်ငံခြားရေးဝန်ကြီး ဇစ်ပီလစ်ဗ်နီဦးဆောင်တဲ့ ပါတီနဲ့လည်း ပြီးခဲ့တဲ့လက သဘောတူလက်မှတ်ထိုးခဲ့ပါတယ်။ အစ္စရေးလ်နိုင်ငံရဲ့ ပါလီမန်အမတ်နေရာ ၁၂၀ မှာ အစ္စရေးလ်အစိုးရက နေရာ ၆၈ နေရာရမှာဖြစ်ပြီး၊ တနင်္လာနေ့မှာ ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ခန့်မှန်းရပါတယ်။
XS
SM
MD
LG