သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအရပ်သား သေဆုံးမှု ဟာမာ့စ်ကြောင့်ဟု အစ္စရေးဝန်ကြီးချုပ်ပြော


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာကမ်းမြောင်ဒေသက တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေသေဆုံးနေတာဟာ ဟားမတ်စ် စစ်သွေးကြွတွေကြောင့်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ရာဟု က အပြစ်ဖို့လိုက်ပါတယ်။

သူက စစ်သွေးကြွတွေဟာ ဖေါက်ခွဲပစ္စည်းတွေကို ဆေးရုံတွေရဲ့အောက်မှာ ဖွက်ထားကြသလို ဂါဇာမှာနေထိုင်တဲ့ အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးချခဲ့ကြတယ်လို့ ပြောပါတယ်။

အစ္စရေးက တနင်္ဂနွေနေ့မှာ ၆ ရက်မြောက်နေ့အဖြစ် ဂါဇာဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားတွေ သေဆုံးမှုအရေတွက် တိုးလာနေတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဝန်ကြီးချုပ် နာတန်ရာဟုက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုပါတယ်။

ဗလီ ဘုရားရှိခိုးကျောင်းတွေထဲမှာ ပုန်းအောင်းနေကြတာ ဘယ်သူတွေလဲ.. ဟာမတ်စ်တွေပဲ၊ ဆေးရုံတွေအောက်မှာ လက်နက်တွေ ထားထားတာ ဘယ်သူတွေလဲ … ဟားမတ်စ် တွေပဲ။ လူနေရပ်ကွက်တွေထဲမှာ၊ မူလတန်းကျောင်းနားမှာ ဌာနချုပ်ရုံးစိုက်ထားတာ ဘယ်သူတွေလဲ … ဟားမတ်စ်တွေပဲလို့ ဝန်ကြီးချုပ် နာတန်ရာဟုက ဟီဘရူးဘာသာနဲ့ ပြောသွားတာပါ။

အစ္စရေးက ထိုးစစ်ဆင် တိုက်ခိုက်နေတာဟာ ဟားမတ်စ် စစ်သွေးကြွတွေ၊ အစ္စရေးနိုင်ငံအတွင်း ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို ရပ်တန့်သွားစေဖို့ ရည်ရွယ် လုပ်ဆောင်နေတာသာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ သေဆုံးသူအရေအတွက်ဟာ ၁၆၀ ကျော်သွားပါပြီ။ အဲဒီအထဲမှာ စစ်သွေးကြွတွေသာမက အမျိုးသမီးတွေ ကလေးတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူအရေတွက်ကတော့ တထောင်ကျော်ရှိနေပါပြီ။

XS
SM
MD
LG