သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားနိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်


ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့အပြင်ဘက်မှာရှိတဲ့ စစ်တပ်ပစ်မှတ်တွေကို အစ္စရေးစစ်လေယာဉ်တွေက တနင်္ဂနွေနေ့ုတုန်းက ဗုံးကျဲခဲ့တယ်လို့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ ထောက်လှမ်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးကိုတိုက်တဲ့အခါမှာ သုံးနိုင်ဖို့ လက်ဘနွန်က ဟက်ဇဘိုလာအဖွဲ့ဆီကို ပို့မယ့်၊ အီရန်ကတင်ပို့လိုက်တယ်လို့ ဆိုတဲ့ ဖာတာ ၁၁၀ မစ်ဇိုင်း ဒုံးလက်နက်တွေ ထားရာ ဒမတ်စကက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဂိုထောင်ပေါ်ကို သောကြာနေ့ တုန်းက အစ္စရေးတို့က လေကြောင်းကနေ တိုက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးသတင်း ရပ်ကွက်ကပြောပါတယ်။

ဖာတာ ၁၁၀ မစ်ဇိုင်း ဒုံးလက်နက်တွေဟာ ပစ်မှတ်ကို မှန်မှန်ကန်ကန် ပစ်နိုင်တဲ့ ဒုံးလက်နက်အမျိုးအစားတွေ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရဘက်ကတော့ မြို့တော် မြောက်ပိုင်းမှာရှိတဲ့ စစ်သုတေသန နေရာကို ထိမှန်ခဲ့တယ်လို့ ဆိုပြီး လေကြောင်းတိုက်ခိုက်မှုကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အစ္စရေးတာဝန်ရှိသူတွေဘက်ကတော့ ဆီးရီးယားအပေါ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တရားဝင်ပြောကြားခြင်းမရှိသေးပါဘူး။
XS
SM
MD
LG