သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တဒင်္ဂအခက်အခဲကို အိန္ဒြေမပျက် ရင်ဆိုင်ခဲ့တဲ့ အလှမယ် မေဘရဏီသော်


ဘာပဲဖြစ်ဖြစ် ဒီလိုချော်လဲသွားပြီဆိုတော့ မထူးတော့ဘူးပေါ့။ အကောင်းဖြစ်အောင် လုပ်ရတော့မယ်ဆိုပြီးတော့ စဉ်းစားလိုက်တာပေါ့နော်။ သူငယ်ချင်းတွေ တော်တော်များများကလည်း ကိုယ့်ကို လာပြီးတော့ အားပေးကြတယ်ပေါ့။ ဒီလိုမျိုးဖြစ်တာတောင်မှ မျက်နှာတချက်မပျက်ဘဲနဲ့ recovery ပြန်လုပ်နိုင်တယ်ပေါ့။ အရမ်းကို တော်တယ်ပေါ့။

၂၀၁၅ ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့မှာ စတင်ကျင်းပနေရာမှာ မြန်မာမယ်စကြဝဠာ မေဘရဏီသော်လည်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။ (၈၁) နိုင်ငံက အလှမယ်တွေထဲမှာ ဒီနှစ်အတွက် မယ်စကြဝဠာသရဖူကို ဘယ်သူဆွတ်ခူးမလဲ ဆိုတာကို ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ ကျင်းပမယ့် နောက်ဆုံးပြိုင်ပွဲကြီးမှာ ရွေးချယ်မှာ ဖြစ်ပါတယ်။

https://www.youtube.com/watch?v=J25H-y3ahYc

ဒီဇင်ဘာ (၁၆) ရက်နေ့က ကျင်းပတဲ့ အကြိုပြိုင်ပွဲအတွင်း မြန်မာအလှမယ် မေဘရဏီသော်ကြုံခဲ့ရတဲ့ မတော်တဆဖြစ်ရပ်တခုမှာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့သတ္တိကို ချီးကျူးခြင်းခံခဲ့ရပါတယ်။ အခုလို အခြေအနေ အကောင်းဆုံးဖြစ်အောင် သူ့အနေနဲ့ လုပ်ဆောင်ခဲ့ရတဲ့ အကြောင်းနဲ့ သူ့ရဲ့ပြိုင်ပွဲ အတွေ့အကြုံနဲ့ ပတ်သက်လို့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG