သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အလှမယ် မေဘရဏီသော် ရဲ့ မယ် စကြဝဠာပွဲ အတွေ့အကြုံ


 Miss Universe (၂၀၁၅) ဆုရှင်နဲ့ မြန်မာအလှမယ် မေဘရဏီသော်။
Miss Universe (၂၀၁၅) ဆုရှင်နဲ့ မြန်မာအလှမယ် မေဘရဏီသော်။

ကမ္ဘာတဝန်း နိုင်ငံပေါင်း ၈၀ က အလှမယ်တွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ၆၄ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲမှာတော့ ဖိလစ်ပိုင် အလှမယ် Pia Alonzo Wurtzbach က ၂၀၁၅ ခုနှစ် အတွက် မယ်စကြဝဠာ သရဖူ ဆောင်း သွားပါတယ်။ သရဖူဆုရှင်ကို ကိုလံဘီယာ အလှမယ် ဆွတ်ခူးရရှိကြောင်း အစီအစဉ်မှူ းက မှားယွင်း ကြေညာပြီး နောက်မှာမှ တောင်းပန်စကားဆိုပြီး သရဖူဆုရှင် အစစ်အမှန် ဟာ Miss Philippine ဖြစ်ပါတယ်လို့ ပြန်ပြီး ကြေညာခဲ့တာကြောင့် ပြိုင်ပွဲဝင်တွေကြား မှာရော ကမ္ဘာတလွှားက ပရိသတ်ကြားမှာပါ အံ့သြ မှင်သက်ခဲ့ကြရ ပါတယ်။

အမေရိကန် ပြည်ထောင်စု Las Vegas မြို့ Planet Hollywood ဟိုတယ်မှာ တနင်္ဂနွေနေ့ ညက ကျင်းပခဲ့တဲ့ မယ်စကြဝဠာပြိုင်ပွဲမှာ မယ်စကြဝဠာ မြန်မာ မေဘရဏီသော် လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဆန်ကာတင် စာရင်းမှာ မပါဝင်ခဲ့ပေမယ့် ပွဲစဉ် တလျှောက်လုံးမှာ အများ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ မြန်မာအလှမယ် မေဘရဏီသော် အနေနဲ့ မယ်စကြဝဠာပြိုင်ပွဲကြီး မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ နိုင်ငံတကာ အလှမယ်တွေနဲ့ မြန်မာ အလှမယ်တွေကြား ဘာတွေများ ကွာခြားသလဲ ဆိုတာနဲ့ အခု ပြိုင်ပွဲအတွေ့အကြုံတွေကို မြန်မာပြည်သူတွေနဲ့ ဘာတွေများ မျှဝေချင်ပါသလဲ ဆိုတာကို ပြိုင်ပွဲ အပြီးမှာဘဲ မသိင်္ဂ ီထိုက်က ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ပြိုင်ပွဲ တလျှောက်လုံး စိတ်အလှုပ်ရှားရဆုံးကတော့ သရဖူ ဆုရှင်ကို မှားယွင်းကြေညာခဲ့တဲ့ အခိုက်အတန့်ဘဲ ဖြစ်တယ်လို့ အခုလို စပြီး ဖြေကြားခဲ့ ပါတယ်။

“နောက်ဆုံးပေါ့နော်။ Presenter ကနေပြီးတော့ လှမ်းပြီးကြေညာလိုက်တာ Columbia ဆိုပြီးတော့ ကြေညာလိုက်တယ်။ကြေညာလိုက်တဲ့အချိန်မှာ ညီမတို့တွေက စင်ပေါ်မှာရပ်နေတယ်။ Presenter ဖတ်တဲ့ ဘုတ်ပေါ်မှာ Philippine ဆိုပြီးတော့ ပေါ်လာတယ်။ အဲတော့ ညီမတို့တွေလည်းကြည့်ပြီးတော့ အရမ်းအံ့သြသွားတယ်။ ညီမတို့တွေက လိုက်ဖတ်နေတာကို၊ စင်ပေါ်မှာ လှမ်းမြင်နေရတာကို။ လှမ်းမြင်နေတော့ အံ့သြသွားတော့ နောက် သူတို့ကိုကြည့်လိုက်တော့ သူတို့လည်းအဲဒီကိစ္စနဲ့ ပတ်သက်ပြီးဆွေးနွေးနေတာတွေ့တော့ ဒါ မှားသွားပြီပေါ့ဆိုပြီးတော့ သိသွားတာ။ နောက်မှ သူတို့တွေ Presenter ကိုယ်တိုင်ကိုကပေါ့နော် ထုတ်ဖော်ပြီးတော့ ဒါ သူ့အမှားပါဆိုပြီးတော့ တကယ်ရတာက Philippine မယ်ပါ ဆိုပြီးတော့ Columbia မယ် မဟုတ်ပါဘူး ဆိုပြီးတော့ ပြောလိုက်တာပေါ့လေ။ တော်တော်လေးကို အကုန်လုံးက အံ့သြသွားတာပေါ့နော်။ လူတွေက ဒေါသတွေလည်း ထွက်ကြတာပေါ့။ ဒီ Crowning Moment တောင်မှ ဘယ်လိုဖြစ်လို့ပြီးသွားလဲကို မသိလိုက်ဘူးရှင့်။

မေး။ ။ Philippine မယ် အရွေးခံရတဲ့အပေါ်မှာ ညီမအနေနဲ့ရော ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရရင် Philippine က သူတို့ ညီမတို့နဲ့ယှဉ်ရင် ညီမတို့က Miss Universe ကို ဝင်ပြိုင်တာ အခုမှ ၃ နှစ်ပဲရှိသေးတယ်။ Philippine က နှစ်ပေါင်းမနည်းတော့ဘူး။ ဝင်ပြိုင်လာတဲ့ အဖွဲ့အစည်းပေါ့နော်။ ပြီးတော့ သူတို့ရဲ့ ပရိတ်သတ်တွေက အရမ်းကို supporting ကောင်းတယ်၊ Background ကောင်းတယ်။ တော်တော်များများ ပရိတ်သတ်တွေ လာပြီးတော့ အားပေးကြတာကိုတွေ့ရတယ်ပေါ့နော်။ သူတို့ဆီမှာ ဒီ Miss ဆိုတာ အရမ်းကို ပေါ်ပြူလာဖြစ်တယ်ပေါ့နော်။ အရမ်း supporting လည်းကောင်းပြီးတော့ Training တွေလည်းတော်တော်လေးကို ကောင်းတာကိုတွေ့ရတယ်။ Philippine မယ်နဲ့ ညီမနဲ့က Roommate ပါ။ သူနဲ့တွေ့လိုက်တဲ့ အချိန်မှာပေါ့နော် သူဟာတော်တော်ကို Train ထားတယ်ဆိုတာကို သိသာပါတယ်။ အရမ်းလည်း သူ့အတွက် pressure လည်း များတာကို ညီမ တွေ့ရတယ်။

မေး။ ။ အဲတော့ Miss Philippine အကြောင်းလည်း ပြောပါဦးရှင့်။ သူနဲ့မှတ်မှတ်ရရ ဘာတွေများရှိပါလည်း သူကတကယ်ပဲ ဒီဆုနဲ့ ထိုက်တန်ပါရဲ့လား။

ဖြေ။ ။ သူကအရမ်းကို သူ့ကိုယ်သူ control လုပ်တယ်။ ထိန်းတယ်ပေါ့နော်။ စကားပြောတာလည်း တကယ်ကောင်းတယ်။ အပြင်က ကြည့်ရင်တော့ သူ့ကို အရမ်းမာနကြီးတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် သူနဲ့တကယ်ပေါင်းဖြစ်ခဲ့တဲ့အခါမှာ သူက အရမ်းကို ခင်ဖို့ကောင်းတဲ့လူတယောက်ပါ။ သူက အမြဲတမ်း ညီမတို့အပေါ်လည်း ခင်ခင်မင်မင်နဲ့ ဆက်ဆံတယ်။ တခါတလေ သူကနေတာ သီချင်းဖွင့်ပြီးတော့။ အရမ်းလည်းပျော်ဖို့ကောင်းတယ်။

မေး။ ။ အဲတော့ ပြိုင်ဖက်တွေအချင်းချင်းပေါ့။ ကိုယ်နဲ့ပြိုင်တဲ့ ပြိုင်ဖက်တွေ တခန်းတည်းမှာ အတူနေနေရတယ်။ နိုင်ငံတကာကနေပြီးတော့ Background မတူတဲ့လူတွေ လာကြတယ်ပေါ့နော်။ ဒီလိုလူတွေကြားမှာ ညီမတို့အနေနဲ့ ပေါင်းသင်းဆက်ဆံရေး နေရထိုင်ရ၊ ဒီအပေါ်မှာရောညီမအနေနဲ့ ဘယ်လိုတွေ့ခဲ့လဲ။ ဒီအပေါ်မှာ တွေ့ခဲ့တဲ့ဟာတွေရော ဘာများမျှဝေချင်ပါသလဲ။

ဖြေ။ ။အမှန်အတိုင်းပြောရရင်တော့ ညီမတို့တွေ အမြဲတမ်း တခုရှိတာပေါ့နော်။ ဒီ Latin ဆိုရင်လည်း Latin တအုပ်စု။ အာရှဆိုရင်လည်း အာရှတအုပ်စု နေကြတာများတယ်ရှင့်။ ညီမတို့အဖွဲ့ထဲဆိုရင် ညီမရယ်၊ Philippine ရယ် ဒီမလေးရှားရယ်၊ China ရယ်ပေါ့နော် အာရှအဖွဲ့ကလူတွေ များသောအားဖြင့် တစုနေကြတာပေါ့နော်။ တယောက်နဲ့တယောက်ကလည်း သိပ်ပြီး ပတ်သက်ကြတာ မဟုတ်ဘူးပေါ့နော်။ တခါတလေတော့လည်း နဲနဲတော့ ထိခိုက်မှုလေးတော့ရှိတယ်ရှင့်။ နိုင်ငံနဲ့ပတ်သက်ပြီးတော့လေ အဲဒီလိုမျိုးပေါ့နော်။ လူမျိုး ခွဲခြားတာမျိုးတွေ၊ အာရှတိုက်ကလူနဲ့တူလို့ ဆိုပြီးတော့ ပြောတာတွေတောင်ရှိတယ်။ သူတို့ Latin ကလူက ဓါတ်ပုံရိုက်လိုက်လို့ ပုံစံက တခုခုဖြစ်သွားရင် အာရုတိုက်ကလူနဲ့တူသွားပြီ ဆိုပြီးတော့ ညီမတို့ အာရှတိုက်ဘက်ကို ပြောတာမျိုးတွေကိုလည်း တခါတလေ ခံရတယ်ရှင့်။ အဲဒီတော့ပေါ့နော် တခါတလေကတော့ အဲဒီလိုမျိုး အခက်အခဲလေးတွေက အများကြီးပါပဲရှင်။

မေး။ ။ အဲတော့ ဒါနိုင်ငံတကာပေါ့နော် အခုဆိုရင် ၈၁ ယောက်ထဲမှာ ၁ ယောက်က ထွက်သွားတော့ ၈၀ ပေါ့နော်။ ဒီအလှမယ် ၈၀ နဲ့ ညီမ ရင်ဘောင်တန်းပြီးတော့ ပြိုင်ခဲ့တယ်။ ဒီအပေါ်မှာ မြန်မာနိုင်ငံ အလှမယ် တယောက်အနေနဲ့ပေါ့နော် နိုင်ငံတကာ အလှမယ်တွေနဲ့ အဓိက ဘာတွေ ကွာခြားမှုတွေ ရှိနေလဲရှင့်။

ဖြေ။ ။ အတုယူစရာတွေကတော့ သူတို့ကအရမ်းကို ယုံကြည်မှုပြင်းထန်တယ်။ သူတို့ကိုယ်သူတို့ ယုံကြည်တယ်။ မြန်မာလူမျိုးတွေဆိုရင် လူငယ်ကတည်းက မိဘရဲ့အုပ်ထိန်းမှုအောက်မှာ နေလာတော့ အရမ်းကိုပေါ့နော် ကိုယ့်ကို ကြောက်စိတ်တွေရှိတယ်။ ညီမတို့တွေကျတော့ အရမ်းကို ကြောက်တက်တယ်။ ဒီလိုကြီးလာတဲ့အချိန်မှာ လူရှေ့သူရှေ့မှာ ညီမတို့ပြောရဲဆိုရဲဖို့တော်တော်ကို ကျင့်ယူခဲ့ရတယ်ရှင့်။ သူတို့တွေကတော့ အဲဒီလိုမဟုတ်ဘူး ။ အရမ်းကို ကွဲပြားခြားနားတယ်ပေါ့နော်။ တကယ်ကို သူတို့ကိုသူတို့ ဘယ်အရာမဆို မလုပ်ရဲဘူး၊ မလုပ်တတ်ပေမယ့်လဲ သူတို့ စမ်းလုပ်ကြည့်မယ် ဆိုတဲ့ သူတို့ရဲ့စိတ်ဓါတ်တွေက အရမ်းလေးစားဖို့ကောင်းတယ်။ ယုံကြည်မှုပြင်းထန်တယ်ပေါ့နော် သူတို့တွေ။

မေး။ ။ အခုပြိုင်ပွဲမှာ ပြိုင်ခဲ့ရတာ အားရကျေနပ်မှု ရှိပါသလား။

ဖြေ။ ။ ကျေနပ်မှုကတော့ ညီမ ရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ ညီမ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တယ်။ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့အတွက်လည်း ညီမကိုယ်ညီမလည်းကျေနပ်တယ်။ ရလဒ်တွေတော့ ညီမ မကြည့်ချင်တော့ဘူး။ ညီမ ကိုယ့်ကိုယုံကြည်ပြီးတော့ အကောင်းဆုံးကြိုးစားခဲ့တယ် လို့ ညီမ ယုံကြည်တယ်ပေါ့။ သူတို့ဆီကလည်း ညီမအတွေ့အကြုံတွေ အများကြီးလည်း ရခဲ့ပါတယ်။ သူတို့ဆီက အတွေ့အကြုံတွေကို ညီမ အတုယူနိုင်လို့သာ မြန်မာနိုင်ငံက ပရိတ်သတ်တွေက ညီမကို အားပေးလာတယ်ပေါ့နော်။ ညီမဒီမှာပြိုင်နေတဲ့အချိန်မှာ သူတို့ဆီက အားပေးမှုတွေ အများကြီးရလာတယ်လို့ ညီမယုံကြည်ပါတယ်။”

တိုက်ရိုက် လင့်ခ်

မယ်စကြဝဠာ မြန်မာ အလှမယ် မေဘရဏီသော်ကတော့ အခု ပြိုင်ပွဲ အပြီး မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိချိန်မှာလည်း အလှမယ် တဦး အနေနဲ့ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်လိုသူ မြန်မာ အလှမယ်တွေကိုလည်း အတွေ့အကြုံတွေ ဖလှယ် မျှဝေမယ်လို့ ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

ဆက်ပြီးတော့ ဒါရိုက်တာ မစိုးယုဝေရဲ့ အတွေ့အကြုံကို တင်ပြပေးပါမယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဂျပန်တို့လို အာရှနိုင်ငံတွေက အလှမယ်တွေ ဆန်ခါတင် စာရင်းဝင်ခဲ့ပြီး အာရှတိုက်သူ ဖိလစ်ပိုင် အလှမယ် သရဖူဆောင်းခဲ့တဲ့ Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကလည်း နှစ်ပေါင်း ၅၀ ကေ ျာ် အတွင်း တတိယ အကြိမ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မြန်မာ အလှမယ်တွေဟာ နိုင်ငံတကာ အလှမယ်တွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အနေအထားမှာ ရှိပေမယ့် ဆန်ခါတင် စာရင်းဝင်ပြီး ဆုတွေ ချိတ်ဖို့တော့ ဆက်လက် ကြိုးစားရဦးမှာ ဖြစ်တယ်လို့ မယ်စကြဝဠာ မြန်မာ အဖွဲ့အစည်းရဲ့ National Director က ပြောပါတယ်။

မယ်စကြဝဠာ မြန်မာ အဖွဲ့အစည်း အနေနဲ့ နောက်လာမယ့် မယ်စကြာဝဠာ ပြိုင်ပွဲတွေမှာ နိုင်ငံတကာ အလှမယ်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ မြန်မာ အလှမယ်တွေကို ဘယ်လို လေ့က ျင့် ပျိုးထောင်ပေးသွားမလဲ ဆိုတာနဲ့ အခု ယှဉ်ပြိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်းတာမှာ National Director မစိုးယုဝေက အခုလို စပြောပါတယ်။

တိုက်ရိုက် လင့်ခ်

အမေရိကန် ပြည်ထောင်စု Las Viges မြို့ကို ရောက်ရှိနေတဲ့ မယ်စကြဝဠာ မြန်မာ ရဲ့ National Director မစိုးယုဝေကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG