သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်စြက်ာဝဠာ မြန်မာ သျှားထွဋ်အိန္ဒြာနဲ့ တွေ့ဆုံမေးမြန်းခန်း


၆၃ ကြိမ်မြောက် မယ်စြက်ာဝဠာပြိုင်ပွဲ ကျင်းပရာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မာယာမီမှာ ဒီကနေ့ ဒေသခံစံတော်ချိန် ည ၇ နာရီမှာ National Costume အမျိုးသားဝတ်စုံ ဝတ်ဆင်ပြိုင်ပွဲ စတင်ပြီးတော့ ကျင်းပနေပြီဖြစ်ပါတယ်။ မယ်စြက်ာဝဠာပြိုင်ပွဲကို သတင်းယူဖို့အတွက် ဗွီအိုအေမြန်မာပိုင်းက ဝိုင်းတော်သူ မအင်ကြင်းနိုင်ကလည်း မာယာမီမှာ ရောက်ရှိနေပါတယ်။ မယ်စြက်ာဝဠာပြိုင်ပွဲရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူ့ကို မေးကြည့်ပါမယ်။

မေး။ ။ မအင်ကြင်းက အခု မယ်စြက်ာဝဠာပြိုင်ပွဲမှာ ရောက်နေတာဆိုတော့ အဲ့ဒီ မယ်စြက်ာဝဠာပြိုင်ပွဲအကြောင်းနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြပေးပါလားခင်ဗျ။

ဖြေ။ ။ “ဟုတ်ကဲ့ အခုဒီ မယ်စြက်ာဝဠာပြိုင်ပွဲကိုပေါ့နော် မာယာမီ ဖလော်ရေဒါ နိုင်ငံတကာ တက္ကသိုလ်မှာပေါ့လေ ကျင်းပနေပါတယ်။ အခု ဒီမကြာခင် နာရီပိုင်းအတွင်းမှာ အမျိုးသားဝတ်စုံပြိုင်ပွဲပေါ့နော် National Costume ပြိုင်ပွဲရှိတယ်။ အဲ့ဒီထဲမှာ မြန်မာမယ်စြက်ာဝဠာဖြစ်တဲ့ သျှားထွဋ်အိန္ဒြာလည်း ပါဝင်မှာပါ။ သူကတော့ ဗိဿနိုးခေတ်က ပန်တြာဧကရီ ဘုရင်မရဲ့ဝတ်စုံကို ဝတ်ပြီးတော့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ၂၅ ရက်နေ့မှာတော့ နောက်ဆုံးနေ့အဖြစ်ပေါ့ ရေကူးဝတ်စုံတွေ၊ ညနေခင်းဝတ်စုံတွေနဲ့ပေါ့နော် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။”

မေး။ ။ အဲ့ဒီတော့ မအင်ကြင်းက အဲ့ဒီမှာရောက်နေတော့ မသျှားထွဋ်အိန္ဒြာနဲ့ ဒီကြားထဲ တွေ့ဆုံခွင့်ရခဲ့လားဗျ။

ဖြေ။ ။ “သြော် ရခဲ့တယ်ရှင့်။ သူနဲ့ကို မနေ့ကပေါ့နော် ကျမ မာယာမီကိုရောက်တဲ့ အဲ့ဒီနေ့ညနေမှာပဲ သူနဲ့ တွေ့ဆုံခွင့်ရပါတယ်။ အဲ့ဒါလေးကိုလည်း ကျမ ပြောပြချင်ပါတယ်။”

မသျှားထွဋ်အိန္ဒြာ။ ။ “Miss Universe ပွဲကို စပြီးတော့ ညီမဝင်ပြိုင်ကတည်းက အရာအားလုံးကတော့ ညီမအတွက် အမှတ်တရ ဖြစ်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ညီမလည်း ဒီလိုမျိုး တနယ်တကျေး ကိုယ်နဲ့မတူတဲ့သူတွေ အကုန်လုံးနဲ့ပေါ့နော် ဆက်ဆံရတယ်။ ပြီးတော့ အားလုံး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် တွေ့ရတဲ့အတွက် အရာအားလုံးကတော့ အမှတ်တရတွေ ဖြစ်နေခဲ့ပါတယ်။”

မေး။ ။ အခု camp ဝင်ပြီးတော့ နိုင်ငံတကာ အလှမယ်တွေပေါ့လေ ၁၆ ရက်တောင် လေ့ကျင့်နေရပြီဆိုတော့ သူများနိုင်ငံက အလှမယ်တွေနဲ့ ယှဉ်ပြီးတော့ရော ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲရှင့်။

ဖြေ။ ။ “တနိုင်ငံမှာရှိတဲ့ အလှဆုံးလူတွေ လာကြတာဆိုတော့ သူတို့လည်း သူတို့အလှကိုယ်စီ ရှိကြတာပဲလေ။ အဲတော့ သူတို့နဲ့ကိုယ်နဲ့တော့ ကိုယ်က သူတို့ထက် ဘာမှ မသာစရာလည်း မရှိသလို၊ သူတို့ထက် နိမ့်ကျစရာလည်း မရှိဘူး။”

မေး။ ။ National Costume ပြိုင်ပွဲပေါ့လေ အဲ့ဒီအတွက် ဝတ်စုံကို ရွေးတဲ့အခါမှာ ပန်တြာဘုရင်မရဲ့ ဝတ်စုံဆိုတော့ တီထွင်ထားတဲ့ ဝတ်စုံပုံစံပေါ့လေ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရော ယှဉ်ပြပါဦးရှင့်။

ဖြေ။ ။ “ဒီဝတ်စုံတွေနဲ့ ပတ်သက်ပြီးတော့ ညီမရဲ့ National Director ပေ့ါနော် မစိုးယုဝေက စီစဉ်ပေးထားတာပါ။ ညီမရဲ့မျက်နှာအနေအထားနဲ့ နောက် ဒီ National Costume ကို အမကလည်း သူ လေ့လာထားပုံအရတွေနဲ့ဆိုရင် ညီမမျက်နှာအနေအထားနဲ့ ဒီဝတ်စုံနဲ့ လိုက်ဖက်မယ်လို့ ထင်တဲ့အတွက် ညီမတို့ စီစဉ်ဖြစ်သွားတာပါ။”

မေး။ ။ ဒီမယ်စြက်ာဝဠာပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ရေကူးဝတ်စုံပြိုင်ပွဲတို့၊ နောက် ညနေခင်းဝတ်စုံပေါ့လေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ သျှားထွဋ်အနေနဲ့ရော အဆင်သင့်ဖြစ်ပြီလား။

ဖြေ။ ။ “ဟုတ်ကဲ့ပါအမ ညီမ ဒီ swimsuit အတွက်လည်း ညီမဒီကြားထဲမှာ ၅ လလောက် အချိန်ရတယ်ပေါ့နော် အဲ့ဒီအချိန်အတွင်းမှာ ညီမ သေချာလုပ်ဖြစ်တယ်။ တော်တော်များများလည်း သတိထားမိလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမ ဒီပြိုင်ပွဲ စပြီးရသွားတာနဲ့ အခုအချိန်နဲ့ အများကြီး ကွာခြားလာတယ်။ ညီမကိုယ်ညီမလည်း သိတယ်။ အဲ့ဒီအပြင်ကို National Costume အတွက်ကိုလည်း ညီမ တကယ်ကို အားကျိုးမာန်တက်နဲ့ အရမ်းစိတ်အားထက်သန်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီဝတ်စုံဝတ်လိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပိုပြီးတော့ ယုံကြည်မှုရှိစေတယ်။ ဘယ်လိုအချိန်မှာပဲ ဝတ်ဝတ်၊ ညီမ ဒီဝတ်စုံဝတ်လိုက်တဲ့အချိန်တိုင်း ညီမယုံကြည်တယ်။ ညီမကိုယ်ညီမ confidence အပြည့် ထည့်ထားတယ်။”

မေး။ ။ နှစ် ၅၀ ကျော် ကြာပြီးတဲ့နောက်မှာမှ အခုလို မြန်မာနိုင်ငံ ပြောင်းလဲလာတဲ့ အနေအထားအပေါ်မှာ သျှားထွဋ်တို့လို မြန်မာအမျိုးသမီးတွေ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေဖြစ်တဲ့ အခုဆိုရင် Miss Universe ပြိုင်ပွဲတွေမှာ ပါဝင်ပြီးတော့ ယှဉ်ပြိုင်လာရတဲ့အခါမှာ ညီမရဲ့ အတွေ့အကြုံအပေါ် အခြေခံပြီးတော့ မြန်မာအမျိုးသမီးတွေအပေါ် ဘာတွေ အကြံပေးချင်ပါသလဲ။

ဖြေ။ ။ “မြန်မာအလှမယ်ဖြစ်ဖို့အတွက်က လှနေတာတခုတည်းနဲ့ မပြည့်စုံဘူး။ အဓိကကတော့ စိတ်အားထက်သန်ရမယ်။ ကိုယ့်စိတ်ထဲမှာ အမြဲတမ်း မေတ္တာစိတ်ဆိုတာ ရှိနေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဒီနေရာမျိုးကို ရောက်လာပြီဆိုတာနဲ့ ကိုယ့်ကို ကြိုက်တဲ့ပရိသတ်တွေ ရှိသလို၊ မကြိုက်တဲ့ ပရိသတ်တွေလည်း ရှိမှာပဲ။ အဲတော့ နိုင်တဲ့ဒဏ်ကိုလည်း ခံနိုင်သလို၊ ရှုံးတဲ့ဒဏ်ကိုလည်း ကိုယ်က ခံနိုင်ရမယ်။ အဓိကကတော့ စိတ်ဓာတ်မြင့်မြင့် ထားစေချင်ပါတယ်လို့ အားလုံးကို။”

မေး။ ။ ဒီ မိုးစက်ဝိုင်ပြီးလို့ရှိရင် ဒုတိယမြောက်ပေါ့နော် Miss Universe ပြိုင်ပွဲမှာ ပါဝင်ပြီးတော့ ယှဉ်ပြိုင်ရတဲ့အတွက် နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကိုရော ဘယ်လိုတွေ့ရလဲရှင့်။

ဖြေ။ ။ “ညီမတို့က ဒုတိယအကြိမ် ပြိုင်ရတာမျိုးဖြစ်တဲ့အတွက် နည်းနည်း အခက်အခဲလေးတွေတော့ ရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ တချို့တွေက မြန်မာဆိုတာကို မသိသေးပါဘူး။ ဒါကတော့ ညီမ အပွင့်လင်းဆုံး ပြောပြတာ။ ညီမ ဒီပြိုင်ပွဲ စဝင်တဲ့အချိန်မှာ စိတ်မကောင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ညီမတို့ မြန်မာဆိုတဲ့ဟာကို အသံတောင် မထွက်တတ်ဘူး။ အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒါကလည်း ကိုယ်က နှစ် ၅၀ ကြီးတောင် ကြာပြီးတော့မှ ဒုတိယအကြိမ် ပြန်ပြိုင်ရတာမျိုးဖြစ်တဲ့အတွက် မသိတာကို သိအောင်လုပ်နိုင်ရင် အကောင်းဆုံးပဲပေါ့နော်။ အခုဆိုရင်လည်း မြန်မာဆိုတာကို တော်တော်များများလည်း သိနေကြပြီ။ နောက်ပြိုင်ပွဲဝင်တွေထဲမှာလည်း ကိုယ့်နိုင်ငံတခုတည်းကိုပဲ လူမသိတာမဟုတ်ဘူး။ ကိုယ့်ထက်မသိသေးတဲ့ နိုင်ငံတွေလည်း အများကြီး ရှိတယ်ပေါ့နော်။ ကိုယ့်ထက် အရမ်း တော်တတ်နေတဲ့ နိုင်ငံတွေလည်း အများကြီးရှိတယ်။ တကယ်နိုင်ငံကြီးတွေကနေ လာပြိုင်နေကြတဲ့ Miss တွေလည်း အများကြီးရှိတယ်။ အဲ့ဒီကြားထဲမှာ ကိုယ်ကသွားပြိုင်ရတာမျိုးဖြစ်တဲ့အတွက် ကိုယ်အားငယ်နေရင်တော့ ကိုယ်ပဲရှုံးမှာပဲပေါ့နော်။ အဲ့ဒီအတွက် ဘာမှအားငယ်မနေဘဲနဲ့ ကိုယ်ဘဝအတွက်ကို လုပ်စရာရှိတာကို ဆက်လုပ်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားပါမယ်လို့။”

မေး။ ။ အခု သျှားထွတ် မာယာမီကို လာတဲ့အချိန်မှာ လေဆိပ်မှာ ဒီမှာရှိနေတဲ့ မိသားစုတွေကလည်း သျှားထွဋ်ကို လာပြီးတော့ ကြိုဆိုကြတယ်။ အားပေးကြတယ်။ ဒီအပေါ်မှာ သျှားထွဋ်ရဲ့အမြင်ကို သိပါရစေ။

ဖြေ။ ။ “အများကြီးဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ ဒီစရောက်ကတည်းက ကိုယ့်ကိုအများကြီး ဒီလောက် လှိုက်လှိုက်လှဲလှဲ ကြိုကြလိမ့်မယ်လို့လည်း မထင်ထားဘူး။ အဲ့ဒီအပြင် အမှတ်တရအဖြစ်ဆုံးက ညီမတို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Miss Universe ပေါ့နော် ၁၉၅၉ ခုနှစ်က အန်တီဒေါ်သန်းသန်းအေးကိုယ်တိုင် သရဖူဆောင်းပြီးတော့ ညီမကို လာကြိုတယ်။ အဲ့ဒီတခုကတော့ ညီမအတွက် တကယ့်ကို ဘယ်တော့မှလဲ မေ့နိုင်တော့မှာ မဟုတ်ဘူးပေါ့နော်။ ကိုယ်လေးစားအားကျခဲ့ရတဲ့ Miss Universe တယောက်က ကိုယ့်ကိုလာကြိုတဲ့အတွက် အများကြီးလည်း ဝမ်းသာပါတယ်။ အံ့သြစရာတွေလည်း တနေ့ထက်တနေ့ကို အများကြီးကို ကြုံနေရတာပါ။”

သောတရှင်များခင်ဗျား။ ။ အခုလာမယ့် ဇန်နဝါရီလ ၂၅ ရက် တနင်္ဂနွေနေ့မှာဆိုရင် နောက်ဆုံး စကာတင် ၁၅ ယောက်ရွေးချယ်ပြီးတော့ အဲ့ဒီထဲကမှ ၂၀၁၅ ခုနှစ်အတွက် မယ်စြက်ာဝဠာကို ရွေးချယ်မှာဖြစ်ပါတယ်။

XS
SM
MD
LG