သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလ နိုင်ငံရေးသမား လုပ်မယ့် သူရဦးအောင်ကို


သူရဦးအောင်ကို
သူရဦးအောင်ကို

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အကြီးတန်းခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုဟာ တသီးပုဂ္ဂလ နိုင်ငံရေးသမားတဦးအနေနဲ့ ဆက်လက် ရပ်တည်ပြီး၊ တိုင်းပြည်နဲ့လူထု အကျိုးစီးပွား အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီနဲ့မဆို လက်တွဲလုပ်သွားမယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ နေပြည်တော်က ဒီနေ့ လွှတ်တော်ဟောင်း နောက်ဆုံးနေ့ မှာ ရောက်ရှိလာတဲ့ သူရဦးအောင်ကို ကို မမေခက တွေ့ဆုံမေးမြန်းထားတာပါ။

မေခ။ ။ ချိတ်ဆက်ပြီးတော့ ညှိနှိုင်းလာတာမျိုးတွေရော ရှိပါသလား။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတွေက တော်တော်များများ ထွက်နေတာပါ။ ဝန်ကြီးတနေရာမှာ အန်ကယ်လ်ကို ပေးမယ်ဆိုတဲ့ အသံတွေ တော်တော်လေး ထွက်နေလို့ပါ။

သူရဦးအောင်ကို။ ။ ဦးက အခုထက်ထိ အစ်မက အန်တီစုက ပြောတာဆိုတာ မရှိသေးပါဘူး။ မတွေ့သေးပါဘူး။ ဒါပေမဲ့ပေါ့လေ လိုအပ်ရင် ဝိုင်းကူပါဆိုတဲ့ စကားတော့ မကြာခဏ ပြောပါတယ်။ လိုအပ်ရင် တိုင်းပြည်အတွက် ဝိုင်းကူပါလို့ပြောတာပဲ အဲ့လောက်ပဲ ပြောလို့ရပါတယ်။ တော်လျောက် ရပ်တည်မှုကိုက ပြည်သူ့ဘက်က ရပ်တည်တာပဲလေ။ တိုင်းပြည်နဲ့ လူမျိုးဘက်က ရပ်တည်တာ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းဘက်ကမှ ရပ်တည်တာမဟုတ်ဘူး။ ထို့ကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုရင် နိုင်ငံနဲ့လူမျိုးအတွက်ဆိုရင် အဆင်သင့်ရှိပါတယ်။

မေခ။ ။ အဲ့တော့ NLD နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ ပါတီနဲ့ရော သဘောထား ကွဲလွဲတာ ရှိမလားရှင့်။

သူရဦးအောင်ကို။ ။ အခုဟာက အန်ကယ်လ်မှာက ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်လည်း မရှိတော့ပါဘူး။ မရှိလို့မို့လို့ ဘာမှ သဘောထားကွဲလွဲစရာလည်း ရှိမှာမဟုတ်ပါဘူး။

မေခ ။ ။ ဘာကြောင့် ပြည်ခိုင်ဖြိုးပါတီက တာဝန်မရှိတာလဲ။ အန်ကယ်လ်က ပြည်ခိုင်ဖြိုး ပါတီဝင်တယောက်အနေနဲ့ ပဲ နေတာမဟုတ်ဘူးလား။

သူရဦးအောင်ကို။ ။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့ ညပိုင်း CEC အဖြစ်ကနေ ဖယ်ရှားခြင်း ခံရတဲ့အချိန်က စပြီးတော့မှ ပါတီတာဝန်မရှိတော့ပါဘူး။

မေခ။ ။ ပါတီဝင်အနေနဲ့ရော ဆက်လက်ရှိနေပါသေးလားရှင့်။

သူရဦးအောင်ကို။ ။ ပါတီဝင်အနေနဲ့တော့ ဆက်လက်ရှိနေပါတယ်။ ပါတီဝင်ဆိုတာ သာမန်ပဲလေ။ သာမန်ပါတီဝင်အဖြစ် ရှိမှာပါ။

မေခ။ ။ အကယ်လို့ NLD ပါတီ ရဲ့ ဖွဲ့စည်းပုံထဲမှာ မပါဝင်ဘူးဆိုခဲ့ရင် အန်ကယ်လ် အနေနဲ့ တသီးပုဂ္ဂလအနေနဲ့ နိုင်ငံရေးထဲမှာ ဆက်ပြီးတော့ ဆက်သွားဖို့များ စီစဉ်ထားပါလဲရှင့်။

သူရဦးအောင်ကို။ ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ ပါဝင်လှုပ်ရှားဖို့ အကြောင်း မရှိတော့ပါဘူး။ မရှိတော့ပေါ့လေ။ တသီးပုဂ္ဂလ အနေနဲ့ပဲ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မည်သူ့ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲဖို့အတွက်ကို အဆင်သင့်ရှိမှာပါ။ ထင်ပါတယ်။ နုတ်ထွက်ဖို့အတွက်တော့ တင်ဖို့မလိုဘူးထင်ပါတယ်။

သူရဦးအောင်ကိုဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း တလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်စွာ ဆက်ဆံခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတဦးအဖြစ်နဲ့ အများက သိကြပါတယ်။ ဒါကြောင့်လည်း ကြံ့ခိုင်ရေးပါတီတွင်းမှာ အခြားခေါင်းဆောင်ပိုင်းတွေနဲ့ သဘောကွဲလွဲခဲ့မှုတွေရှိခဲ့ပါတယ်။၊ အခုလာမယ့် အန်အယ်ဒီအစိုးရအဖွဲ့မှာလည်း ပါဝင်လာနိုင်တယ်လို့လည်း ခန့်မှန်းတွက်ဆမှုတွေ ရှိနေပါတယ်။

XS
SM
MD
LG