လန်ဒန်အိုလံပစ်ပြိုင်ပွဲ အခု ကြာသာပတေးနေ့ နောက်ဆုံးအခြေအနေ ပြောရရင်တော့ ဂျမေကာ အပြေးအဖွဲ့ဟာ ဆု တံဆိပ် သုံးခုစလုံးကို ဆွတ်ခူး ယူသွားပါတယ်။
ကမ္ဘာ့အပြေးအမြန်ဆုံး ဂျမေကာ အားကစားသမား Usain Bolt ဟာ မီတာ ၂၀၀ တာတိုပြိုင်ပွဲမှာ ၁၉.၃၂ စက္ကန့်နဲ့ အိုလံပစ် ရွှေတံဆိပ်ဆု ရပါတယ်။ သူနဲ့ ပြေးဖော်ပြေးဖက် ဂျမေကာ အားကစားသမား Yohan Blake ကတော့ ၁၉.၄၄ နဲ့ ငွေတံဆိပ်၊ Warren Weir ကတော့ ၁၉.၈၄ နဲ့ ကြေးတံဆိပ် ဂျမေကာ အသင်းကချည်း ဆုတံဆိပ် သုံးခု ရရှိသွားပါတယ်။
ဒါကြောင့် မီတာ ၁၀၀ - ၂၀၀ တာတိုပြေးပွဲမှာ Bolt ဟာ အိုလံပစ် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရ သူ ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကလည်း မီတာ ၁၀၀ တာတိုပြိုင်ပွဲမှာ သူဟာ စံချိန်ချိုး အနိုင်ရခဲ့သူပါ။ မီတာ ၈၀၀ အမျိုးသား အပြေးပြိုင်ပွဲမှာ ကင်ညာက David Rudisha က ကမ္ဘာ့စံချိန် ချိုးပြီး ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။
လန်ဒန်အိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ်တွေမှာတော့ အမေရိကန် ပြည်ထောင်စုက စုစုပေါင်း ဆု ၉၀၊ တရုတ်က ၈၀၊ ဗြိတိန်က ၅၂၊ ရုရှားက ၅၆ နဲ့ တောင်ကိုရီယားက ၂၅ ဆု အသီးသီးနဲ့ ဦးဆောင် နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ရွှေတံဆိပ်ဆုမှာလည်း ၃၉ ဆု၊ တရုတ်က ရွှေတံဆိပ်ဆု ၃၇ ဆု ဖြစ်တာမို့ အိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်က လက်ရှိမှာ ဆုတံဆိပ်အများဆုံး ရထားပါတယ်။