သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-အမေရိကန်မဟာမိတ် အင်အားတိုးမြှင့်မည်


အမေရိကန်ဒု-သမ္မတဂျိုးဘိုင်ဒဲန် (ဝဲ)နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး(ယာ)
အမေရိကန်ဒု-သမ္မတဂျိုးဘိုင်ဒဲန် (ဝဲ)နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး(ယာ)
ဂျပန်နဲ့ တရုတ်နိုင်ငံကြား အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းစုတွေနဲ့ပတ်သက်ပြီး တင်းမာမှုတွေ တိုးလာနေချိန်မှာပဲ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ဟာ သူတို့ရဲ့ မဟာမိတ်တွေကို အားဖြည့်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဂျပန်တို့က Senkaku လို့ခေါ်ပြီး တရုတ်တို့က Diaoyu လို့ခေါ်တဲ့ ကျွန်းဟာ အခုအခါ ဂျပန်လက်အောက်မှာ ထိန်းချုပ်မှု ရှိနေပေမဲ့ တရုတ်တို့ကလည်း သူတို့ ပိုင်ဆိုင်တယ်လို့ ပြောကြားနေတာဖြစ်ပါ တယ်။

သောကြာနေ့က စင်ကာပူမှာ တွေ့ဆုံကြစဉ် ဒီပြဿနာအတွက် တင်းမာမှု လျော့ပါးအောင် နှစ်ဘက်စလုံးက ဆောင်ရွက်သင့်တယ်လို့ မစ္စတာ ဘိုင်ဒန်က ဇောင်းပေးပြောသွားခဲ့တာပါ။ အရှေ့တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး ဂျပန်နဲ့ ချုပ်ဆိုထားတဲ့ မဟာမိတ်ပြုမှု အပါအဝင် အမေရိကန်ရဲ့ ရပ်တည်ချက်ကိုလည်း ထပ်မံ အခိုင်အမာ ပြောဆိုသွားပါတယ်။

မစ္စတာ အာဘေးကလည်း သူ့အစိုးရရဲ့ အမျိုးသားကာကွယ်ရေး လမ်းညွှန်ချက် သုံးသပ်ချက်အပါအဝင် လုံခြုံရေးဆိုင်ရာ မူဝါဒတွေကို ရှင်းလင်း သွားခဲ့ပါတယ်။ သောကြာနေ့တုန်းကတော့ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ရဲ့ တိုးမြင့်လာနေတဲ့ ခြိမ်းခြောက်မှုကို ဟန့်တားနိုင်ဖို့ အတွက် ဂျပန်နိုင်ငံမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ပိုမိုအင်အား တောင့်တင်းဖို့ လိုအပ်တဲ့အကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာတရပ်မှာ တောင်းဆို ဖော်ပြ ထားပါတယ်။

ဂျပန်နိုင်ငံဟာ လုံခြုံမှု စောင့်ကြည့်ရေးစွမ်းရည် တိုးမြှင့်သင့်ပြီး ပစိဖိတ်ဒေသက လှုပ်ရှားမှုတွေကို အချိန်တိုင်း စောင့်ကြည့်နိုင်ဖို့အတွက် အဝေးထိန်းလေယာဉ်တွေကို တိုးမြှင့်အသုံးပြုသင့်တယ်လို့လည်း အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အငြင်းပွားနေတဲ့ကျွန်းတွေကို ကာကွယ်ဖို့နဲ့ နိုင်ငံခြားတပ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် ကြည်း၊ ရေ နှစ်မျိုးသုံး မရိန်းတပ်ဖွဲ့တွေ ဖန်တီးဖို့အတွက် ဒီအစီရင်ခံစာက တောင်းဆိုပါတယ်။
XS
SM
MD
LG