သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားကျွန်းပေါ်မှာ ဂျပန်လည်း ဆန္ဒပြ


အငြင်းပွား Senkaku ကျွန်းပေါ်မှာ ဂျပန်လှုပ်ရှားမှု အဖွဲ့တခုက ဂျပန်နိုင်ငံတော်အလံ စိုက်ထူခဲ့ပြီး တွေ့ရပုံ။ (သြဂုတ်လ ၁၉၊ ၂၀၁၂)
အငြင်းပွား Senkaku ကျွန်းပေါ်မှာ ဂျပန်လှုပ်ရှားမှု အဖွဲ့တခုက ဂျပန်နိုင်ငံတော်အလံ စိုက်ထူခဲ့ပြီး တွေ့ရပုံ။ (သြဂုတ်လ ၁၉၊ ၂၀၁၂)
ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံအကြား သူပိုင်ငါပိုင် အငြင်းပွားနေကြတဲ့ ကျွန်းစုပေါ်ကို ဟောင်ကောင် တရုတ်အမျိုးသားဝါဒီ အဖွဲ့တခု လာရောက် ဆန္ဒပြမှု ဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ဂျပန် လှုပ်ရှားမှုအဖွဲ့တခုကလည်း ဒီကျွန်းဆီကို ရေကူး လာပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ လှေတွေနဲ့ လာခဲ့ကြတဲ့ လူ ၁၀၀ ကျော် အဖွဲ့ထဲက ၁၀ ယောက်က လူသူမရှိတဲ့ ကျွန်းစုပေါ်ကို တရားမဝင် တက်ပြီးတော့ ကျွန်းပေါ်မှာ ဂျပန် အလံကို စိုက်၊ အဲဒီနောက် သူတို့ လှေတွေဆီကို ရေကူးပြီး ပြန်သွားခဲ့ကြတာပါ။

ဒီအတွက် တရုတ်အစိုးရက ဂျပန်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အချာ ပိုင်နက်ကို ထိပါးတဲ့ လုပ်ရပ်တွေကို ဂျပန်နိုင်ငံအနေနဲ့ ရပ်ဆိုင်းဖို့ တိုက်တွန်းတဲ့ အကြောင်း တရုတ်အစိုးရ သတင်းအေဂျင်စီ Xinhua မှာ ဖော်ပြခဲ့ပါတယ်။

အရှေ့တရုတ်ပင်လယ်ထဲမှာ ရှိတဲ့ ဒီကျွန်းရှိရာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဟောင်ကောင်အမျိုးသား ဝါဒီတွေပါတဲ့ ဒီတရုတ်အဖွဲ့က ကျွန်းပေါ်မှာ တရုတ်နိုင်ငံတော် အလံစိုက်ပြီးတော့ သူတို့ကို ဂျပန် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့တဲ့အချိန်အထိ တရုတ် နိုင်ငံတော် သီချင်းတွေ သီဆိုပြီး ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ကို တစုံတရာ အပြစ်ပေး အရေးယူခြင်းမပြုဘဲ သောကြာနေ့က ဂျပန်နိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။
XS
SM
MD
LG