သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား တိုက်ပွဲကြား နိုင်ငံခြား သတင်းထောက်တွေ သေဆုံး


ဆီးရီးယား လွတ်မြောက်ရေး တပ်မတော် FSA နဲ့ အတူလိုက်ပါ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် Mika Yamamoto ဟာ မနေ့က တိုက်ပွဲတခုနဲ့ ကြုံရပြီး သေဆုံးသွားခဲ့ပါတယ်။
ဆီးရီးယား လွတ်မြောက်ရေး တပ်မတော် FSA နဲ့ အတူလိုက်ပါ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် Mika Yamamoto ဟာ မနေ့က တိုက်ပွဲတခုနဲ့ ကြုံရပြီး သေဆုံးသွားခဲ့ပါတယ်။
ဆီးရီးယား လွတ်မြောက်ရေး တပ်မတော် FSA နဲ့ အတူလိုက်ပါ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် မိကာ ယာမာမိုတို (Mika Yamamoto ) ဟာ မနေ့က တိုက်ပွဲတခုနဲ့ ကြုံရပြီး သေဆုံးသွားသလို သူနဲ့ အတူသွားရောက်နေတဲ့ အယ်လ်ဟူရာ (Alhurra) TV သတင်းထောက် ၂ဦးကတော့ ပျောက်ဆုံးနေပါတယ်။

အသက် ၄၅နှစ်အရွယ် အမျိုးသမီးသတင်းထောက် မိကာဟာ ဆီးရီးယား မြောက်ပိုင်းက အလက်ပို (Aleppo) မြို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။ သူဟာ တိုကျိုအခြေစိုက် ဂျပန်သတင်းဌာနမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်အစိုးရ ထောက်ပံ့မှုပေးနေတဲ့ အယ်လ်ဟူရာ သတင်းဌာနကလည်း အလက်ပိုကနေ သတင်းပို့ပေးနေတဲ့ သူ့ သတင်းထောက် ၂ဦးပျောက်ဆုံးနေကြောင်းနဲ့ သူတို့ဟာ မနေ့က ဆီးရီးယား အစိုးရတပ်တွေရဲ့ ဖမ်းဆီးတာကို ခံရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အယ်လ်ဟူရာ သတင်းဌာနအပြင် VOA ရဲ့ ဗဟိုအဖွဲ့အစည်း ဖြစ်တဲ့ BBG အဖွဲ့ကတော့ အယ်လ်ဟူရာ သတင်းထောက် တွေ ဖြစ်ကြတဲ့ Bashar Fahmi နဲ့ သူ့ရဲ့ video သမား Cuneyt Unal တို့ ရဲ့ လုံခြုံရေး အတွက် အာမခံပေးဖို့ ဆီးရီးယား အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ဆီးရီးယား နိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး တနင်္လာနေ့ တနေ့ထဲတင် လူပေါင်း ၁၄၀လောက် သေဆုံးခဲ့ရတယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီကတော့ အင်္ဂါနေ့ တိုက်ပွဲတွေဟာ Damascus, Homs နဲ့ Daraa ဒါရာ ဒေသတွေမှာ အပြင်းထန်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG