သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် တောင်ကိုရီးယား သံတမန်ရေးတင်းမာ


တိုကျိုမြို့ရှိ Yasukuni ဘုရားကျောင်းကို ဂျပန်ဘဏ္ဍာရေး ဝန်ကြီး သွားရောက် ဂါရဝပြု (၂၁ ဧပြီ ၂၀၁၃)
တိုကျိုမြို့ရှိ Yasukuni ဘုရားကျောင်းကို ဂျပန်ဘဏ္ဍာရေး ဝန်ကြီး သွားရောက် ဂါရဝပြု (၂၁ ဧပြီ ၂၀၁၃)
စစ်ရာဇဝတ်ကောင်တွေကို ဂုဏ်ပြုတည်ထားတယ်လို့ အငြင်းပွါးနေတဲ့ စစ်အတွင်း ကျဆုံးသွားသူတွေအတွက် ဘုရားကျောင်းမှာ ဂျပန်ဝန်ကြီးချုပ်က ငွေလှူဒါန်းတဲ့ အပြင် ဂျပန်အစိုးရ ဝန်ကြီးအဖွဲ့ဝင် ၃ ဦးပါ သွားရောက် ဂါဝရပြုခဲ့တာကြောင့် ဂျပန်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ဖို့ လုပ်နေတဲ့ တောင်ကိုရီးယား
နိုင်ငံခြားရေးဝန်ကြီး က သူ့ရဲ့ ဂျပန်ခရီးစဉ်ကို ဖျက်သိမ်းပြီး ကန့်ကွက်လိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်က Yasukuni ဘုရားကျောင်းကို ငွေလှူဒါန်းတာနဲ့ ဒုဝန်ကြီးချုပ် အပါအဝင် ဂျပန်အစိုးရ ဝန်ကြီးတွေ သွားရောက် ဂါဝရပြုတာဟာ ဂျပန်စစ်ဒဏ် ခံခဲ့ရတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆုံးရှုံးကြေကွဲရမှုကို အလေးမထားရာ ရောက် တာမို့ တောင်ကိုရီးယား အစိုးရအနေနဲ့ စိုးရိမ်ကြောင်း တောင်ကိုရီးယား
နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချိုတိုင်းယောင် (Cho Tai-young) က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒါ့အပြင် သမိုင်းကြောင်းကို လျစ်လျူရှုပြီး နောက်ကြောင်းပြန်ဖို့ ကြိုးစားတဲ့ ဒီအပြုအမူမျိုး ချက်ချင်းရပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အခုလို လုပ်ဆောင်ခဲ့တဲ့အတွက် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြောင်စီ (Yun Byung-se) ဟာ တောင်ကိုရီးယား ဂျပန် ၂ နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ဦးတည်ချက်ကို ချပြမယ့် ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်တယ်လို့ တနလာၤနေ့မှာ ကြေညာလိုက်တာပါ။

ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ဟာ ဒီဘုရားကျောင်းကို သွားရောက်ခြင်းမရှိဘဲ ငွေသာ လှူဒါန်းတာလို့ ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ Yasukuni ဘုရားကျောင်းဟာ ဒုတိယကမ္ဘာစစ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင် ၁၄ ဦးအပါအဝင် ဂျပန်စစ်ပွဲတွေအတွင်း သေဆုံးခဲ့သူတွေအတွက် ဂုဏ်ပြုတည်ထားတာမို့ ဂျပန်ခေါင်းဆောင်တွေရဲ့ အခုလို ဂုဏ်ပြုမှုကို အာရှ အိမ်နီးချင်း နိုင်ငံတွေက မကျေမနပ် ဖြစ်နေကြတာပါ။
XS
SM
MD
LG