သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်ငြိမ်းချမ်းရေးဆု


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင် ဆုတစ်ဆု ချီးမြှင့်မယ့်အကြောင်း ဂျပန်နိုင်ငံက ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေး တိုးတက်ထွန်းကားစေဖို့ ဆောင်ရွက်သူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်တဲ့ တတိယအကြိမ်မြောက် Sakai ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၂၅ ရက်နေ့မှာ Sakai မြို့တော်မှာ ချီးမြှင့်ပေးအပ်ဖို့ ရှိပါတယ်။ ဂျပန်နိုင်ငံ Osacaနယ် Sakai မြို့အုပ်ချုပ်ရေးအဖွဲ့ က နှစ်နှစ် တစ်ကြိမ် ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုပေးပွဲကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး ဆုလက်ခံယူနိုင်မှာတော့ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၄၀ အရွယ် ၁၉၈၅ ခုနှစ်က သားငယ်ဖြစ်သူနဲ့အတူ ဂျပန်နိုင်ငံ မှာ ခေတ္တနေထိုင်ခဲ့ပါတယ်။ မြန်မာ့လွပ်လပ်ရေး ကြိုးပမ်းမှုသမိုင်း သုတေသနလုပ်ငန်းအတွက် Kyoto တက္ကသိုလ်က အရှေ့တောင်အာရှလေ့လာရေးစင်တာမှာ ကိုးလ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG