သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရေနံတင်သင်္ဘော ပင်လယ်ဓားပြတိုက်ခံရ


မလေးရှားရဲအရှိတွေ စစ်ဆေးနေစဉ်။
မလေးရှားရဲအရှိတွေ စစ်ဆေးနေစဉ်။
မလေးရှားကနေ မြန်မာနိုင်ငံကို လောင်စာဆီတွေ သယ်လာတဲ့ ဂျပန်ရေနံတင်သင်္ဘောဟာ ကမ်းကခွာပြီး မကြာခင်မှာပဲ ဓားပြတိုက်တာခံခဲ့ရပါတယ်။

မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံသား သင်္ဘောသားတွေထဲက အင်ဒိုနီးရှားနိုင်ငံသားသုံးဦးကို ဖမ်းဆီးသွားပြီး ကျန်တဲ့လူတွေကိုတော့ အခန်းတခန်းထဲမှာ ကြိုးချီပြီး ပိတ်ထားခဲ့တယ်လို့ စင်္ကာပူကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

သင်္ဘောဟာ မလေးရှားနိုင်ငံ Tanjung Karang ဆိပ်ကမ်းမြို့ ကမ်းခြေကနေ ရေမိုင် ၂၁ ဒဿမ ၈ မိုင်အကွာမှာ ရောက်တဲ့အချိန် ခြောက်လုံးပြူး သေနတ်နှစ်လက်နဲ့ ဓားတွေကိုင်ထားတဲ့ ပင်လယ်ဓားပြတွေက speedboat တစီးနဲ့ ကပ်လာပြီး သင်္ဘောပေါ်ကို ကြိုးနဲ့တက်ခဲ့တာဖြစ်ပါတယ်။

သင်္ဘောသားတွေကို ဖမ်းဆီး ချုပ်နှောင်ပြီးတဲ့နောက် ဒီဇယ်ဆီ လီတာ သုံးသန်းကို တခြားသင်္ဘောနှစ်စင်းပေါ် ပြောင်းယူပြီး ၆ နာရီ လောက်ကြာပြီးတဲ့နောက်မှာ ပြန် ထွက်သွားကြတာပါ။

လုယက်ခံရအပြီး နာရီပေါင်းများစွာ ကြာပြီးတဲ့နောက် အခန်းထဲမှာ အပိတ်ခံခဲ့ရတဲ့ သင်္ဘောသားတွေ သူတို့ဖာသာသူတို့ လွတ်အောင် လုပ်နိုင်ခဲ့ပြီးတော့မှ အင်ဒိုနီးရှားသင်္ဘောသား သုံးဦးကို ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲသွားတယ်ဆိုတာ သိခဲ့ကြရတာပါ။ သင်္ဘောဟာ အခု ကျောက်ချနားထားပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
XS
SM
MD
LG